Connect with us

Politics, Law & Military

နန်းယွန်းမြို့နယ် ပန်ဆောင်မြို့တွင် အိန္ဒိယ-မြန်မာ နယ်စပ်ဈေးဖွင့် လှစ်နိုင်ရန် နှစ်နိုင်ငံ ညှိနှိုင်းလျက် ရှိဟုဆို

ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးတီခွန်မြတ် ကြွရောက်လာစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ)

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ရှိ စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ နန်းယွန်း မြို့နယ် ပန်ဆောင်မြို့တွင် မြန်မာနိုင်ငံဘက်မှ နယ်စပ်ဈေး ဖွင့်လှစ်ရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြည်သူ့ လွှတ်တော် ယနေ့ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

“ယင်းကိစ္စနှင့် ပတ်သက်၍ နယ်စပ်ဈေးများ စီမံခန့်ခွဲမှု နည်းလမ်း အိန္ဒိယ-မြန်မာ မူကြမ်းကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၀ ရက်နေ့တွင် အိန္ဒိယ နိုင်ငံဘက်မှ သံတမန်နည်းလမ်းဖြင့် အကြောင်းကြားခဲ့ရာ နှစ်နိုင်ငံ ညှိနှိုင်းလျက် ရှိပါတယ်၊ ပန်ဆောင်မြို့တွင် ဖွင့်လှစ်နိုင်ရေးနှင့် ပတ်သက်ပြီး နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနတို့ ပူးပေါင်း၍၂၀၂၀ ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် အစည်းအဝေး ပြုလုပ်ခဲ့ပြီး နယ်စပ်ဈေး ထူထောင် ရေးနှင့် ပတ်သက်သည့် အခြေခံ မူများအပေါ် ညှိနှိုင်း နိုင်ခဲ့ကြပါတယ်၊ နယ်စပ်ဈေးများ စီမံခန့်ခွဲရေး နည်းလမ်းကို နှစ်နိုင်ငံ အပြန်အလှန် ညှိနှိုင်း အတည်ပြု ပြီးသည်နှင့် အကောင်အထည် ဖော် ဆောင်ရွက်သွားပါမယ်” ဟု ဖြေကြားခဲ့သည်။ 

နန်းယွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝမ်းလှ၏ မေးခွန်းကို ဖြေကြားရာတွင် ဒုတိယ ဝန်ကြီးက မြန်မာ-အိန္ဒိယ နယ်စပ်၌ နယ်စပ်ဈေးများ ဖွင့်လှစ်နိုင်ရေး နားလည်မှု စာချွန်လွှာကို ၂၀၁၂ ခုနှစ် မေလ ၂၈ ရက်နေ တွင် နေပြည်တော်၌ လက်မှတ် ရေးထိုးခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ် အောက် တိုဘာလ ၈ ရက်နေ့တွင် ကျင်းပသော ပထမ အကြိမ် အိန္ဒိယ-မြန်မာ နယ်စပ်ဈေး ပူးတွဲ ကော်မတီ သဘောတူညီချက်အရ မြန်မာ – အိန္ဒိယ နယ်စပ် တစ်လျှောက် စစ်ကိုင်းတိုင်းဒေသကြီး အတွင်း နေရာ ငါးနေရာနှင့် ချင်းပြည်နယ်အတွင်း နေရာ ငါးနေရာတို့မှာ နယ်စပ်ဈေးများ ဖွင့်လှစ်ရန် မူအားဖြင့် သဘောတူညီခဲ့ကြောင်း၊ နားလည်မှု စာချွန် လွှာအရ အိန္ဒိယ နိုင်ငံ နန်းပုန်းနှင့် စစ်ကိုင်းတိုင်း ဒေသကြီး ပန်ဆောင်တွင် နယ်စပ်ဈေး ကနဦး ဖွင့်လှစ်ရန် အိန္ဒိယ နိုင်ငံဘက်က အဆိုပြုလာခဲ့ကြောင်း၊ ပန်ဆောင်ဒေသတွင် နယ်စပ်ဈေး ဖွင့်လှစ်ရန် လုံခြုံရေးဆိုင်ရာ ကိစ္စများ အထူး ဆောင်ရွက်ရန် မလိုအပ်ခြင်း၊ အခြေခံ အဆောက်အအုံများ တည် ဆောက်ပြီး ရှိနေခြင်း၊ နယ်နိမိတ် တိကျစွာ တိုင်းတာ သတ် မှတ်ပြီး ဖြစ်ခြင်း ကြောင့် နယ်စပ်ဈေး ဖွင့်လှစ်နိုင်ရန် အဆင်ပြေမှု ရှိကြောင်း စိစစ် တွေ့ရှိရကြောင်း လည်း ထည့်သွင်း ဖြေကြား ခဲ့သည်။ 

နှစ်နိုင်ငံ နယ်စပ် (BP 173) တွင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၀ ရက်၌ အိန္ဒိယနိုင်ငံဘက်အခြမ်းတွင် နယ်စပ်ဈေးကို ဖွင့်လှစ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.