နယူးဒေလီ၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်တွင် ကြက်သွန်နီများ အပြည့်အသိပ်တင်ဆောင်လာသော ထရပ်ကားတစ်စီး ပြန်ပေးဆွဲခံရပြီးနောက် ကြက်သွန်နီများ လုယက်ခံရကြောင်း ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၂၈ ရက်တွင် ပြောကြားလိုက်သည်။
ကုလသမဂ္ဂ၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဒက်ဟမ်းမားဂျိုးလ်နှင့် အတူလိုက်ပါလာသည့်ပါတီဝင်များ သေဆုံးမှု ကိုစုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်ရန်တောင်းဆိုသည့် ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂအထွေထွေညီလာခံတွင် သောကြာနေ့ကချမှတ်ခဲ့သည်။
ဘန်ကောက်၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံက ၃၉ သန်းမြောက် ကမ္ဘာလှည့်ခရီးသွားဧည့်သည်ကို သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဒီဇင်ဘာ ၂၇ ရက်တွင် ကြိုဆိုခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ) တောင်ငူမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်တစ်ဦး ဒုတိယရဲအုပ် ဟန်လင်းအောင်အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်က ဒီဇင်ဘာ ၂၇ ရက်က ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး နွားထိုးကြီး မြို့နယ်၊ကြီးကြီးကျေးရွာ၏ အနောက်ဘက် ၁ မိုင်ခန့် အကွာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်(၃၃၀)အနီး၌ ဒီဇင်ဘာ ၂၇ ရက်က သံခေတ်ဝန်းကျင်က ရုပ်အလောင်း ၇ လောင်း တွေ့ရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းမရ သိရသည်။
လော့စ်အိန်ဂျလိစ်၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဟာဝိုင်အီပြည်နယ်တွင် ရှုခင်းလှည့်ပတ်ကြည့်ခြင်းခရီးမှ အပြန်တွင် ပျက်ကျသွားသည့် ရဟတ်ယာဉ်ပေါ်၌ လိုက်ပါသွားသူ ခြောက်ဦး၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ဒေသခံအာဏာပိုင်များက ဒီဇင်ဘာ ၂၇ ရက် ညနေပိုင်းက ပြောကြားခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ) တိုင်းဒေသကြီး နှင့် ပြည်နယ်တစ်ချို့တွင် ဇန်နဝါရီလ တွင် မြူထူများဆိုင်းနိုင်ကြောင်း ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ လပတ်မိုးလေဝသ ခန့်မှန်းချက်အား မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် ကမာရွတ်ရဲစခန်း လမ်းဆုံဖြစ်သော နာနတ်တော- ဘုရင့်နောင် လေးလမ်းဆုံမီးပွိုင့်တွင် လူကူးခုံးကျော်တံတားတည်ဆောက် လျက်ရှိပြီး ၉၀ ရာခိုင်နှုန်းကျော် ပြီးစီး ပြီဖြစ်၍ ဇန်နဝါရီ ၄ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရ သည်။
ဟန်ကျိုး၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ) ကမ္ဘာ့ပထမဆုံး ကမ္ဘာ့ကုန်သွယ်ရေး အီလက်ထရောနစ်ပလက်ဖောင်း (eWTP) ကို တရုတ်နိုင်ငံ အရှေ့ပိုင်း ဟန်ကျိုးမြို့တွင် ဒီဇင်ဘာ ၂၈ ရက်က ပထမဆုံး စတင်ဆောင်ရွက်လိုက်ကြောင်း ဒေသဆိုင်ရာ အကောက်ခွန်ဌာနထံမှ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ရက် (ဆင်ဟွာ) နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ တရားမဝင်သစ် ၆၁၉ တန်ကျော် တရားခံ ၅၀၊ ယာဉ်/ယန္တရား အစီး ၆၀ တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။