Connect with us

Economy

ကမ္ဘာ့ပထမဆုံး eWTP ကို တရုတ်နိုင်ငံ အရှေပိုင်းတွင် စတင်ဆောင်ရွက်

တရုတ်နိုင်ငံ အရှေ့ပိုင်း ဟန်ကျိုးမြို့တစ်နေရာအား တွေ့ရစဉ် (ဆင်ဟွာ)

ဟန်ကျိုး၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ)

ကမ္ဘာ့ပထမဆုံး ကမ္ဘာ့ကုန်သွယ်ရေး အီလက်ထရောနစ်ပလက်ဖောင်း (eWTP) ကို တရုတ်နိုင်ငံ အရှေ့ပိုင်း ဟန်ကျိုးမြို့တွင် ဒီဇင်ဘာ ၂၈ ရက်က ပထမဆုံး စတင်ဆောင်ရွက်လိုက်ကြောင်း ဒေသဆိုင်ရာ အကောက်ခွန်ဌာနထံမှ သိရသည်။

ဒီဇင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် package ၃၉ ခုကို မေးလ် (mail) မှတစ်ဆင့် ရုရှားနှင့် စပိန် အပါအဝင် သက်ဆိုင်ရာနိုင်ငံများသို့မပို့မီ ပလက်ဖောင်းပေါ်တွင် ကြေညာခဲ့သည်။

eWTP ရှေ့ပြေးလုပ်ဆောင်မှုကို e-commerce လုပ်ငန်းစုကြီး အလီဘာဘာ (Alibaba) တည်ထောင်သူ ဂျက်မာ (Jack Ma) က ၂၀၁၆ ခုနှစ်တွင် အဆိုပြုခဲ့သည်။ ယင်းသို့ လုပ်ဆောင်ရခြင်းမှာ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) အနေဖြင့် နယ်စပ်ဖြတ်ကျော် အီလက်ထရောနစ် ကုန်သွယ်ရေးတွင် ပါဝင်ရန် မူဝါဒနှင့် စီးပွားရေးဝန်းကျင် တိုးတက်မှုရှိစေရန် အစိုးရ-ပုဂ္ဂလိက ဆေွးနွေးမှု မြှင့်တင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

SMEs များအနေဖြင့် အကောက်ခွန်ရှင်းလင်းရေး၊ ငွေကြေးလဲလှယ်မှုများနှင့် အခွန်ဖြေရှင်းရေးစနစ်များ ရှင်းရှင်းလင်းလင်းဖြစ်ရေး အပါအဝင် နယ်ပယ်များတွင် eWTP မှ ထောက်ပံ့ပေးပေးသော ဦးစားပေးမူဝါဒများမှ အကျိုးကျေးဇူးခံစားရနိုင်မည်ဖြစ်သည်။

တရုတ်နိုင်ငံ၏ ဘက်စုံ နယ်စပ်ဖြတ်ကျော် e-commerce ရှေ့ပြေးဇုန်အဖြစ် ဟန်ကျိုးမြို့က နယ်စပ်ဖြတ်ကျော် e-commerce ဖွံ့ဖြိုးတိုးတက်မှုတွင် ဦးဆောင်လျက်ရှိသည်။

eWTP အကောင်အထည်ဖော်ခြင်းသည် ဟန်ကျိုးအကောက်ခွန်နှင့် အလီဘာဘာတို့၏ ပူးတွဲအားထုတ်မှုဖြစ်ကြောင်း၊ ယင်းသည် အခွန်ပြန်အမ်းမှုများ၊ ငွေကြေးလဲလှယ်မှုဖြေရှင်းနည်းများနှင့် အခြားကဏ္ဍများတွင် ဆန်းသစ်မှုရှိသော အဆင့်များ ဆောင်ကြဉ်းပေးနိုင်ကြောင်း eWTP ပြည်သူ့ဝန်ဆောင်မှု ပလက်ဖောင်း စီမံကိန်းမန်နေဂျာ တန်လီက ပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.