Connect with us

Culture & Entertainment

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးအနီးတွင် သံခေတ်ဝန်းကျင်က ရုပ်အလောင်း ၇ လောင်း တွေ့ရှိ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးအနီးတွင် တွေ့ရှိသော ရုပ်အလောင်းများအားတွေ့ရစဉ်(ပြည်ထဲရေး)

ရန်ကုန်၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး နွားထိုးကြီး မြို့နယ်၊ကြီးကြီးကျေးရွာ၏ အနောက်ဘက် ၁ မိုင်ခန့် အကွာ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်(၃၃၀)အနီး၌ ဒီဇင်ဘာ ၂၇ ရက်က သံခေတ်ဝန်းကျင်က ရုပ်အလောင်း ၇ လောင်း တွေ့ရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းမရ သိရသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မန္တလေးဌာနခွဲမှ သုတေသနပြုလုပ်တူးဖော်ခဲ့ရာ သံခေတ်ခန့်က မြှုပ်နှံမှုဓလေ့ဖြင့် မြှုပ်နှံထားရှိသည့် ရုပ် အလောင်း ၇ လောင်းအား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

သင်္ချိုင်းတူးဖော်မှုလုပ်ငန်းများအား မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့မှစတင်၍ ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.