လီမာ ၊ ဇန်နဝါရီ ၂၀ ရက်(ဆင်ဟွာ) ဘိုလီးဗီးယားနိုင်ငံ အနောက်တောင်ပိုင်း Oruro ပြည်နယ်တွင် ဇန်နဝါရီ ၁၉ ရက်က ဆိုးဝါးသည့် ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၂ ဦးသေဆုံးပြီး ၃၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၌ တောဆင်ရိုင်း ၁ ကောင် ဝင်ရောက်ဖျက်ဆီးမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
တီဟီရန်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ ထောက်လှမ်းရေးဝန်ကြီးဌာနက အီရန်လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အီရန်နိုင်ငံ တောင်ပိုင်း တွင် ဘိန်းဖြူ ၆၁၈ကီလိုဂရမ် ကို ဖမ်းဆီးရမိခဲ့ကြောင်း ဇန်နဝါရီ ၁၉ရက်တွင် ကြေညာခဲ့သည်။
ဂျကာတာ ၊ ဇန်နဝါရီ ၂ဝ ရက်(ဆင်ဟွာ) မကြာသေးခင်က ယှဉ်ပြိုင်ကစားခဲ့သော နိုင်ငံတကာဘောလုံးပွဲစဉ်များတွင် အင်ဒိုနီးရှားအသင်း ရလဒ်များမကောင်းခဲ့သည့်အတွက် အင်ဒိုနီးရှားနိုင်ငံဘောလုံးအဖွဲ့ချုပ်(PSSI) ဥက္ကဋ္ဌ အက်ဒီရာမယတ်ဒီ (Eddy Rahmayadi) သည် ယနေ့ဇန်နဝါရီ ၂ဝ ရက်တွင် ဘာလီမြို့၌ ကျင်းပသည့် ဘောလုံးအဖွဲ့ချုပ်ညီလာခံတွင် ၎င်းအနေဖြင့် ဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ကြောင်း ထုတ်ဖော်ကြေညာခဲ့သည်။
မက္ကဆီကို စီးတီး၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ) မက္ကဆီကို နိုင်ငံ အလယ်ပိုင်းတွင် ပိုက်လိုင်းတစ်ခု ပေါက်ကွဲမှုကြောင့် သေဆုံးသူ ဦးရေသည် ၇၁ဦးအထိ မြင့်တက်လာကြောင်း အာဏာပိုင်များက ဇန်နဝါရီ ၁၉ ရက်တွင်ပြောကြားခဲ့သည်။
ဆန်ဒီယာဂို၊ ဇန်နဝါရီ ၂၀ ရက်(ဆင်ဟွာ) ချီလီနိုင်ငံမြောက်ပိုင်း Coquimbo ဒေသတွင် ဇန်နဝါရီ ၁၉ ရက်က ပြင်းအား ၆.၇ အဆင့် ငလျင်လှုပ်ခတ်ခဲ့ရာ မြို့တော် ဆန်ဒီယာဂိုတွင်လည်း ပြင်းထန်သည့် လှုပ်ခတ်မှုကို ခံစားမိကြောင်း သိရသည်။ လက်ရှိတွင် သေဆုံးဒဏ်ရာရမှုနှင့်ပျက်စီးဆုံးရှုံးမှုစာရင်းမထွက်ရှိသေးကြောင်း သိရသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ) “တရုတ်-မြန်မာ သံယောဇဉ် တစ်မိသားစုလုံးပြုံးပျော်ရွှင်” နိုင်ငံဖြတ်ကျော် တရုတ် ရိုးရာ နွေဦး နှစ်သစ်ကူး ဖျော်ဖြေတင်ဆက်မှု အခမ်းအနား အား ဇန်နဝါရီ ၁၉ ရက် ညပိုင်း အချိန်တွင် ရန်ကုန်မြို့ တွင် ကျင်းပ ပြုလုပ်...
ရန်ကုန် ၊ ဇန်နဝါရီ ၁၉ ရက်(ဆင်ဟွာ) တရုတ်-မြန်မာ ယဉ်ကျေးမှု ရက်သတ္တပတ်၏ အစီအစဉ် တစ်ရပ် အနေဖြင့် တရုတ်-မြန်မာ မီဒီယာများ နွေဦး နှစ်သစ်ကူး လက်ဖက်ရည်ကြမ်း စကားဝိုင်းအား ယနေ့ဇန်နဝါရီ ၁၉ ရက်တွင် ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှု စင်တာ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၁၉ ရက်(ဆင်ဟွာ) တရုတ် အစိုးရ၏ ဆင်းရဲမွဲတေမှု ပပျောက်ရေး စီမံကိန်းကြီး အောင်မြင် ဖြစ်ထွန်းမှု ပြပွဲအား “ချမ်းမြေ့ သာယာ သော ဘဝတွင် နေထိုင်ရန် အတွက် ကြိုးပမ်း ဆောင်ရွက်ခြင်း”ခေါင်းစဉ်ဖြင့် ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှု စင်တာ၌ ပြသလျှက် ရှိကြောင်း...
ဘန်ကောက် ၊ ဇန်နဝါရီ ၂ဝ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာ(Prayut Chan-o-cha)က ဇန်ဝါရီ ၁၈ ရက်တွင် ဖြစ်ပွားခဲ့သော အနည်းဆုံး သံဃာတော်နှစ်ပါး ပျံလွန်တော်မူခဲ့ရသည့် ထိုင်းနိုင်ငံတောင်ပိုင်း နာရတ်သီဝတ်(Narathiwat) ပြည်နယ်အတွင်း ပစ်ခတ်တိုက်ခိုက်မှုအပေါ် ဇန်နဝါရီ ၁၉ ရက်တွင် ပြစ်တင်ရှုတ်ချလိုက်ပြီး တိုက်ခိုက်မှုကျူးလွန်သူများကို ရှာဖွေဖော်ထုတ်သွားရန် အမိန့်ပေးခဲ့ကြောင်း သိရသည်။