Connect with us

Science & Technology

တရုတ်နိုင်ငံ၏ Chang’e-4 အာကာသယာဉ် လကမ္ဘာပေါ်တွင် ၁၅ ရက်မြောက်နေ့အဖြစ် လုပ်ငန်းပြန်စ

Chang’e-4 ၏ လပေါ်သွားယာဉ်ပုံရိပ်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)

Chang’e-4 ၏ လပေါ်ဆင်းသက်ယာဉ်နှင့် လပေါ်သွားယာဉ်တို့သည် အအေးလွန်ကဲသောညအတွင်း အနားယူပြီးနောက် လကမ္ဘာ၏တစ်ဖက်ခြမ်းပေါ်တွင် ၁၅ ရက်မြောက်နေ့အတွက် အလုပ်များ ပြန်လည်စတင် လုပ်ကိုင်နေပြီဖြစ်ကြောင်း သိရသည်။လပေါ်ဆင်းသက်ယာဉ်မှာ ဖေဖော်ဝါရီ ၁၈ ရက် ပေကျင်းစံတော်ချိန် နံနက် ၆:၅၇ နာရီတွင်လည်းကောင်း၊ လပေါ်သွားယာဉ်မှာ ဖေဖော်ဝါရီ ၁၇ ရက် ဒေသစံတော်ချိန် ညနေ ၅:၅၅ နာရီတွင်လည်းကောင်း အသီးသီး နိုးထလာခဲ့သည်။ ယာဉ်နှစ်စင်းစလုံးသည် အစီအစဉ်အတိုင်း ပုံမှန် အလုပ်လုပ်နေပြီဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသား အာကာသ စီမံခန့်ခွဲမှု၊ လကမ္ဘာ လေ့လာရေးနှင့် အာကာသအစီအစဉ်စင်တာအရ သိရသည်။

လပေါ်သွားယာဉ် Yutu-2 သို့မဟုတ် Jade Rabbit-2 သည် လကမ္ဘာ၏တစ်ဖက်ခြမ်း အကွာအဝေး ၃၆၇ ဒသမ ၂၅ မီတာအထိ သွားရောက်ခဲ့ပြီး သိပ္ပံဆိုင်ရာ စူးစမ်းလေ့လာမှုအတွက် အနောက်မြောက်ဘက်နှင့် အနောက်တောင်ဘက်သို့ ဆက်လက်သွားရောက်ရန် စီစဉ်ထားသည်ဟု ဆိုသည်။၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၈ ရက်တွင် လွှတ်တင်ခဲ့သည့် Chang’e-4 အာကာသယာဉ်သည် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃ ရက်က လကမ္ဘာ၏ တစ်ဖက်ခြမ်း၊ Pole-Aitken Basin ရှိ Von Karman ချိုင့်ပေါ်သို့ ပထမဆုံး ဆင်းသက်ခဲ့သည်။  (Xinhua)