Connect with us

Politics, Law & Military

PLA လေတပ်မှ သယ်ယူပို့ဆောင်ရေးလေယာဉ် ၈ စင်းဖြင့် ဆေးတပ်ဖွဲ့ဝင်များကို ဝူဟန့်သို့ ပို့ဆောင်

PLA လေတပ်မှ လေယာဉ်များဖြင့် ရောက်ရှိလာသည့် ဆေးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဆင်ဟွာ)

ဝူဟန့်၊ ဖေဖော်ဝါရီ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟူပေပြည်နယ် မြို့တော် ဝူဟန့်သို့ စစ်တပ်ဆေးတပ်ဖွဲ့ဝင် ၆၇၆ ဦးနှင့် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) လေတပ်မှ သယ်ယူပို့ဆောင်ရေးလေယာဉ် ၈ စင်းဖြင့် ဖေဖော်ဝါရီ ၁၇ ရက်က ပို့ဆောင်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံထုတ် ပို့ဆောင်ရေးလေယာဉ်ကြီးဖြစ်သော Y20 လေယာဉ် လေးစင်း အပါအဝင် လေယာဉ် ၈ စင်းသည် ဝူဟန့် ထျန်းဟော်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဖေဖော်ဝါရီ ၁၇ ရက် နံနက်ပိုင်းက ရောက်ရှိခဲ့ကြောင်း သိရသည်။Y20 လေယာဉ်များအနေဖြင့် စစ်ပွဲမဟုတ်သည့် စစ်ဘက်ဆိုင်ရာ ဆောင်ရွက်ချက်တွင် ဒုတိယအကြိမ်မြောက် ပါဝင်ခြင်းဖြစ်သည်။ အဆိုပါ လေယာဉ်များဖြင့် ဖေဖော်ဝါရီ ၁၃ ရက်က ဆေးတပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။COVID-19 ဖြစ်ပွားချိန်ကစ၍ PLA လေတပ်အနေဖြင့် လေကြောင်း သယ်ယူပို့ဆောင်ရေးတာဝန်အရ ပို့ဆောင်ရေးလေယာဉ် အစင်း ၃၀ ဖြင့် လေးသုတ်ခွဲကာ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)