ပေကျင်း၊ ဖေဖော်ဝါရီ ၂ ရက်(ဆင်ဟွာ) ကိုရိုနာ အဆုတ်ရောင်ရောဂါကို တရုတ်နိုင်ငံက ဘက်စုံတွန်းလှန်တိုက်ဖျက်နေချိန်တွင် အမေရိကန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး Wilbur Ross က ရောဂါဖြစ်ပွားမှုသည် ကုန်ထုတ်လုပ်ရေးလုပ်ငန်းများ အမေရိကန်သို့ ပြန်လာရန် အထောက်အပံ့အခွင့်အလမ်းဖြစ်သည်ဟု ဆိုလိုက်သည်။ အဆိုပါစကားရပ်သည် သွေးအေးအေးနှင့်ယုတ္တိကင်းမဲ့လွန်းလှသည့် စကားပင် ဖြစ်သည်။
ဟူဖေ ၊ ဖေဖော်ဝါရီ ၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဟူဖေပြည်နယ် ဝူဟန့်မြို့ရှိ ဆေးရုံများတွင် တက်ရောက်ကုသမှုခံယူနေသော လူနာများနှင့် ဆေးရုံဝန်ထမ်းများအတွက် လိုအပ်သော အစားအစာများကို Takeaway app အွန်လိုင်းဝန်ဆောင်မှုဖြင့် အခမဲ့ ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။
ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၂ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် Riviera Beach ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ခုတွင် ဖေဖော်ဝါရီ ၁ ရက် မွန်းလွဲပိုင်းက အသုဘအခမ်းအနားတစ်ခု ပြုလုပ်ပြီးနောက်တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ လူလေးဦး သေနတ်ထိမှန်ခဲ့ကြောင်း နှင့် နှစ်ဦးမှာ သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။
ပေကျင်း ၊ ဖေဖော်ဝါရီ ၂ ရက်(ဆင်ဟွာ) ဖေဖော်ဝါရီ ၁ ရက် ညနေပိုင်းအထိ တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုမှ ရောဂါသက်သာလာသော လူနာ စုစုပေါင်း ၃၂၈ ဦးကို ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ယနေ့ ဖေဖော်ဝါရီ ၂ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၁ ရက်(ဆင်ဟွာ) တိုင်းရင်းသားလူမျိုး များ၏ ရိုးရာယဉ်ကျေးမှု နှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေးပွဲတော် ဖြစ်သည့် သွေးချင်းတို့ရဲ့ ပွဲတော်ဆီ(၂၀၂၀) ပွဲတော်အား ရန်ကုန်မြို့ရှိ ကျိုက္ကဆံကွင်း၌ ယနေ့ ဖေဖော်ဝါရီ ၁ ရက်တွင် စတင် ကျင်းပ ပြုလုပ်ခဲ့သည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ) တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ကျိုး (Guangzhou) လေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယနေ့ နံနက် (၁၀:၄၅)နာရီ အချိန်ခန့်တွင် ရောက်ရှိလာသည့် တရုတ်နိုင်ငံသားခရီးသည် တစ်ဦး သည် လေဆိပ်သို့ဝင်လာချိန်၌ ကိုယ်ခန္ဓာအပူချိန်တိုင်းတာစက် (Thermal Scanner) ဖြင့် တိုင်းတာချက်အရ ကိုယ်အပူချိန်အနည်းငယ်မြင့်မားနေသည့်အတွက် ၎င်းအား...
လန်ဒန်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံသည် ဥရောပသမဂ္ဂ (EU) မှ ဇန်နဝါရီ ၃၁ ရက် ဒေသစံတော်ချိန် ည ၁၁:၀၀ နာရီက တရားဝင်နုတ်ထွက်ခဲ့ပြီး ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေးနိုင်ငံများအုပ်စု၏ ၄၇ နှစ်ကြာအဖွဲ့ဝင်အဖြစ်မှ အဆုံးသတ်သွားခဲ့ပြီဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ) အမျိုးသားပို့ကုန် မဟာဗျူဟာ(National Export Strategy-NES) ၂၀၂၀-၂၀၂၅ ဒီဇိုင်း ရေးဆွဲပြီးဖြစ်၍ စီးပွားရေးကဏ္ဍများ ပိုမို အားကောင်းစေရန် ယခင်ထက် ပိုမိုအာရုံစိုက်ပြီး လုပ်ဆောင်ပေးသွားရန်ရှိကြောင်း မြန်မာနိုင်ငံ ကုန်သည် နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေး က...
ဝူဟန့်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် မြို့တော် ဝူဟန့်တွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားပြီးနောက် ပြည်ပ၌ ရောက်ရှိနေသော ဟူပေဒေသခံ ၁၉၉ ဦးအား ဇန်နဝါရီ ၃၁ ရက် ညနေပိုင်းက ပတမအသုတ်အဖြစ် စင်းလုံးငှားလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်လာခဲ့ကြောင်း သိရသည်။
နေပြည်တော်၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ) ၂၀၁၈-၁၉ခု ဘဏ္ဍာနှစ်တွင် (၁၉၆) ဘီလီယံကျပ် ကို အသုံးပြု၍ ဆေး၊ ဆေးပစ္စည်းနှင့် ဆေးရုံသုံးစက်ပစ္စည်းများ ဝယ်ယူခဲ့ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။