Connect with us

Social, Education & Health

တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုမှ သက်သာလာသော လူနာ ၃၂၈ ဦး ဆေးရုံမှ ဆင်းခွင့်ပြု

တရုတ်နိုင်ငံ ဟူနန်ပြည်နယ် Changsha မြို့ တွင် ရောဂါသက်သာ၍ ဆေးရုံမှဆင်းလာသော အသက် ၄ နှစ်အရွယ် ကလေးငယ်ကို ၎င်း၏ မိဘများနှင့်အတူ ဖေဖော်ဝါရီ ၁ ရက် ကတွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဖေဖော်ဝါရီ ၂ ရက်(ဆင်ဟွာ)

ဖေဖော်ဝါရီ ၁ ရက် ညနေပိုင်းအထိ တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုမှ ရောဂါသက်သာလာသော လူနာ စုစုပေါင်း ၃၂၈ ဦးကို  ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ယနေ့ ဖေဖော်ဝါရီ ၂ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ဟူနန်ပြည်နယ် Changsha မြို့ တွင် ရောဂါသက်သာ၍ ဆေးရုံမှဆင်းလာသော အသက် ၄ နှစ်အရွယ် ကလေးငယ်ကို ၎င်း၏ မိဘများနှင့်အတူ ဖေဖော်ဝါရီ ၁ ရက် ကတွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဟူနန်ပြည်နယ် Changsha မြို့ တွင် ရောဂါသက်သာ၍ ဆေးရုံမှဆင်းလာသော အသက် ၄ နှစ်အရွယ် ကလေးငယ်ကို ၎င်း၏ မိဘများနှင့်အတူ ဖေဖော်ဝါရီ ၁ ရက် ကတွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဟူနန်ပြည်နယ် Changsha မြို့ တွင် ရောဂါသက်သာ၍ ဆေးရုံမှဆင်းလာသော အသက် ၄ နှစ်အရွယ် ကလေးငယ်ကို ၎င်း၏ မိဘများနှင့်အတူ ဖေဖော်ဝါရီ ၁ ရက် ကတွေ့ရစဉ်(ဆင်ဟွာ)

ဟူပေ၌ ဆေးရုံမှ ဆင်းခွင့်ရခဲ့သူ ၄၉ ဦးရှိပြီး ဖေဖော်ဝါရီ ၁ ရက်တွင် ပြည်နယ်အတွင်းရှိဆေးရုံအသီးသီးမှ ဆင်းခွင့်ရခဲ့သော လူနာအရေအတွက်မှာ ၈၅ ဦးရှိကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်(NHC) ၏ နေ့စဉ်မှတ်တမ်းတွင်ဖော်ပြထားသည်။ တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖေဖော်ဝါရီ ၁ ရက် ညနေပိုင်းအထိ သေဆုံးသူ ၃၀၄ ဦး နှင့် ရောဂါကူးစက်ခံရသူ ၁၄,၃၈၀ ဦးရှိကြောင်း NHCက အတည်ပြုထားပြီး ရောဂါကူးစက်ခံရသော ပြည်နယ်များတွင် ကာကွယ်ရေးနှင့်ကုသရေးများကို အရှိန်မြှင့်လုပ်ဆောင်နေကြောင်း သိရသည်။(Xinhua)