Connect with us

Education & Health

၂၀၁၈-၁၉ခု ဘဏ္ဍာနှစ်တွင် (၁၉၆) ဘီလီယံကျပ် ကို အသုံးပြု၍ ဆေး၊ ဆေးပစ္စည်းနှင့် ဆေးရုံသုံးစက်ပစ္စည်းများ ဝယ်ယူဟု ပြည်ထောင်စုဝန်ကြီးဆို

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရှိ ဦးစီးဌာနအသီးသီး၏ ဝယ်ယူရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပစဉ်( ဓာတ်ပုံ-ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန)

နေပြည်တော်၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ)

၂၀၁၈-၁၉ခု ဘဏ္ဍာနှစ်တွင် (၁၉၆) ဘီလီယံကျပ် ကို အသုံးပြု၍ ဆေး၊ ဆေးပစ္စည်းနှင့် ဆေးရုံသုံးစက်ပစ္စည်းများ ဝယ်ယူခဲ့ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် တစ်နိုင်ငံလုံးရှိ ဆေးရုံများအတွက် လိုအပ်သော ဆေးရုံသုံး စက်ကိရိယာ (၃၃၁) မျိုးအတွက် ( ၆၄) ဘီလီယံ ကျပ်ဖိုး ဝယ်ယူရန်နှင့် လူနာတင်ယာဉ် အစီး (၇၀) အတွက် လျာထားငွေ (၅.၆) ဘီလီယံကျပ်ဖိုး ဝယ်ယူ မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

(၂၀၁၉-၂၀၂၀)ခု၊ ဘဏ္ဍာနှစ်တွင် ယခုတည်ဆောက် လျက်ရှိသည့် ရန်ကုန်အထူးကု ဆေးရုံသစ်ကြီးအတွက် လိုအပ်သောဆေးရုံသုံးစက်ပစ္စည်း (၆) မျိုး – တန်ဖိုး (၈.၈၁၄) ဘီလီယံကျပ်ကို တင်ဒါခေါ်ယူ စာချုပ်ချုပ်ဆိုပြီး ကျန် (၂၆၄) မျိုးအတွက် (၂၉) ဘီလီယံ ကျော်ဖိုး ဝယ်ယူရန် တင်ဒါခေါ်ယူနေထားကြောင်း သိရသည်။

ယခုနှစ်တွင် တန်ဖိုး ကျပ်သန်းပေါင်း (၂,၁၀၇) ရှိသည့် မြွေဆိပ်ဖြေဆေး (၄၃,၀၀၀) ကို ပထမအကြိမ်အဖြစ် ဝယ်ယူနိုင်ရန် မြန်မာ့ဆေးဝါးလုပ်ငန်းသို့ အမှာစာပေးပို့ထားရှိပြီး ဒုတိယအကြိမ်အဖြစ် တန်ဖိုးကျပ်သန်းပေါင်း (၁,၉၆၀) ရှိ မြွေဆိပ်ဖြေဆေး (၄၀,၀၀၀) အမှာစာပေးပို့ဝယ်ယူနိုင်ရေး ကုသရေးဦးစီးဌာနက တင်ပြထားပါကြောင်း၊မြွေကိုက်အန္တရာယ်များပြားသော နေရာဒေသများတွင် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ မြွေအန္တရာယ်ကင်းဝေးရေး အသိပညာပေးခြင်းလုပ်ငန်းများကို ပိုမိုတိုးမြှင့်ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း သိရသည်။

တစ်နိုင်ငံလုံးရှိ ပြည်သူ့ဆေးရုံ/ဌာနများအတွက် လိုအပ်သော မူးယစ်နွယ်ဝင် ဆေးဝါးများနှင့် ထိန်းချုပ်ဆေးဝါးများ တောင်းခံမှုစုစုပေါင်းမှာ ကျပ်သန်းပေါင်း (၃,၇၈၉) ဖြစ်ပါကြောင်း၊တောင်းခံအရေအတွက်၏ (၂၅%) ဖြစ်သော စုစုပေါင်း တန်ဖိုး (၇၃၉) ကျပ်သန်းပေါင်း အား မြန်မာ့ဆေးဝါးလုပ်ငန်းသို့ အမှာစာပေးပို့ ဝယ်ယူရန် စိစစ်လျက်ရှိပါကြောင်း ပြည်ထောင်စု ဝန်ကြီးက ပြောသည်။

တစ်နိုင်ငံလုံးရှိပြည်သူ့ဆေးရုံ/ဌာနများအတွက် လိုအပ်သော ပထမဦးစားပေး (First Priority) ကင်ဆာ ဆေးဝါး (၁၂) မျိုး၏ တောင်းခံမှုစုစုပေါင်းမှာ (၄.၇) ဘီလီယံကျပ် ဖြစ်ပါကြောင်း၊ တောင်းခံအရေအတွက်ှ၏ (၅၀%) ဖြစ်သော စုစုပေါင်းတန်ဖိုး (၂.၄) ဘီလီယံကျပ်ခန့် တင်ဒါဖြင့်ဝယ်ယူရန်လျာထားပါကြောင်း သိရသည်။ 

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လိုအပ်သော ဆေး၊ ဆေးပစ္စည်းနှင့် ဆေးရုံသုံးစက်ပစ္စည်းများ အတွက်(၂၀၁၆-၁၇) ခု ဘဏ္ဍာနှစ်တွင် (၁၅၈) ဘီလီယံကျပ်၊ (၂၀၁၇-၁၈) ခု ဘဏ္ဍာနှစ်တွင် (၁၇၅) ဘီလီယံကျပ်၊ (၂၀၁၈) (ဧပြီ-စက်တင်ဘာလ) ဘဏ္ဍာနှစ်တွင် (၅၄) ဘီလီယံကျပ်သုံးစွဲခဲ့ကြောင်း သိရသည်။(Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117