ရန်ကုန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် စစ်တွေမြို့နယ်၌ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၁၂ ရွက် သိမ်းဆည်းရမိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ပေကျင်း ၊ စက်တင်ဘာ ၄ ရက်(ဆင်ဟွာ) လွန်ခဲ့သော ၁၈ နှစ်ကာလအတွင်း တရုတ်-အာဖရိက ဆက်ဆံရေးနယ်ပယ်များတွင် အနောက်ကမ္ဘာမှ အချို့သောသူများက အာဖရိကတိုက်တွင် တရုတ်နိုင်ငံ၏ အခန်းကဏ္ဍကို ဆန့်ကျင်၍ စွပ်စွဲချက်မျိုးစုံဖြင့် ရှုပ်ထွေးမှုဖြစ်အောင် လုပ်ဆောင်ခဲ့ကြသည်။
ကိုင်ရို၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့ သို့ ၂၀၁၈ခုနှစ်တွင် လာရောက်သော အီဂျစ်ဘုရားဖူးများ သေဆုံးမှုသည် ၆၈ဦးအထိ မြင့်တက်လာခဲ့ကြောင်း အီဂျစ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန က စက်တင်ဘာ ၃ရက် ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) စစ်တောင်းမြစ်ရေသည် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် နောက်(၁)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနိုင်ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ မြစ်ရေကြီးခြင်းခြင်းသတိပေးချက်အား ယနေ့ထုတ်ပြန်ခဲ့သည်။
ဂျေရုဆလင်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံ အစိုးရ သည် ဖလော်ရီဒါပြည်နယ် ရှိ ဂြိုဟ်တုလွှတ်တင်ရေးစခန်း လွှတ်တင်ရေးစင်တွင် လွန်ခဲ့သည့် ၂နှစ်က Amos 6 ဆက်သွယ်ရေး ဂြိုဟ်တုပေါက်ကွဲခဲ့ပြီးနောက် Amos 8 ဆက်သွယ်ရေးဂြိုဟ်တု ဖန်တီးတည်ဆောက်မှု အား စက်တင်ဘာ ၁ရက်တွင် အတည်ပြုပေးခဲ့ကြောင်း...
ဝါရှင်တန် ၊ စက်တင်ဘာ ၄ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းတွင် စက်တင်ဘာ ၃ ရက်က အမေရိကန်တပ်ဖွဲ့ တိုက်ခိုက်ခံရ ကြောင်း ၊ ထိုတိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဖဂန်နစ္စတန်နိုင်ငံ အခြေစိုက် အမေရိကန်စစ်တပ်က ယင်းနေ့တွင်...
ကာရာကပ်စ် ၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) ဗင်နီဇွဲလား နိုင်ငံ အရှေ့တောင်ပိုင်း Bolívar ပြည်နယ် တွင် စက်တင်ဘာ ၂ ရက် ၌ လေယာဉ်ငယ် တစ်စင်း ပျက်ကျ ခဲ့ပြီး လေယာဉ်ပေါ်လိုက်ပါခဲ့သူ ၆ ဦး အားလုံး သေဆုံး ခဲ့ကြောင်း...
ဘန်ကောက်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) ဘန်ကောက်မြို့ မြို့လယ်ကောင်ရှိ အဝတ်လျှော်လုပ်ငန်းတစ်ခုတွင် စက်တင်ဘာ ၃ရက်က ဓါတ်ငွေ့ယိုစိမ့်မှု ဖြစ်ပွားရာမှ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး လူ ၈ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မော်စကို ၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) ရုရှား နိုင်ငံ အာကာသ လုပ်ငန်း ကုမ္ပဏီ (Roscosmos ) ဥက္ကဋ္ဌ Dmitry Rogozin က အမေရိကန် နိုင်ငံ နှင့် ဒုံးကျည်တွန်းအားပေး ကိရိယာ ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍ တွင် အမေရိကန်...
ကိပ်တောင်း ၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ) တောင်အာဖရိက နိုင်ငံ ကိပ်တောင်း မြို့ အရှေ့ပိုင်း ၃၀ ကီလိုမီတာ အကွာအဝေး ခန့်ရှိ လက်နက်သိုလှောင်ရုံ တစ်ခု တွင် စက်တင်ဘာ ၃ ရက် ညနေပိုင်း အချိန်၌ ပေါက်ကွဲမှု တစ်ရပ် ဖြစ်ပွား...