Connect with us

Social

ယခုနှစ်ကုန်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျေးလက်နေ ပြည်သူများအားလုံး ၁၀၀ ရာခိုင်နှုန်းအထိ လျှပ်စစ် ဓာတ်အား ရရှိအောင် စီမံ ဆောင်ရွက် လျက်ရှိဟုဆို 

လျှပ်စစ်တာဝါတိုင်များအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇန်နဝါရီ ၇ ရက်(ဆင်ဟွာ)

၂၀၂၀ ပြည့်နှစ် ၊ ဒီဇင်ဘာလကုန်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျေးလက်နေ ပြည်သူများအားလုံး ရာခိုင်နှုန်း အားဖြင့် (၁၀၀) ရာခိုင်နှုန်းအထိ လျှပ်စစ် ဓာတ်အားရရှိအောင် ရည်မှန်းချက်ထား စီမံ ဆောင်ရွက် လျက် ရှိကြောင်း လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသများ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ဆောင်ရွက်ရာတွင် ၂၀၁၆ ခုနှစ်တွင် ကျေးရွာပေါင်း ၁,၀၈၅ ရွာ မီးလင်းခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် (၂၆၉) ရွာ ထပ်မံမီးလင်းခဲ့ကြောင်း ၊  ရာခိုင်နှုန်း အားဖြင့် ၆၄ ရာခိုင်နှုန်းခန့် မီးလင်းပေးနိုင်ခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ထပ်မံ၍ ၄၉၅ ရွာ လျှပ်စစ်မီး ရရှိရန် စီစဉ် ဆောင်ရွက်လျက် ရှိရာ ရာခိုင်နှုန်းအားဖြင့် ၈၇ ရာခိုင်နှုန်းအထိ လျှပ်စစ်ဓာတ်အား ရရှိ သုံးစွဲ နိုင်မည် ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်က ဇန်နဝါရီ ၆ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်း မြို့နယ်ရှိ ၃၃/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ကမာကလုတ်/ ကရင်ချောင်ဓာတ်အားခွဲရုံဖွင့်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့သည်။

လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနအနေဖြင့် ပြည်သူများနှင့် စက်မှုလက်မှုလုပ်ငန်းများတွင် လျှပ်စစ်ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေးအတွက် ဓာတ်အားပေးစက်ရုံများ၊ ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများ တည်ဆောက်၍ ဓာတ်အား ဖြန့်ဖြူး နိုင်ရေး အတွက် တိုးမြှင့် ဆောင်ရွက်လျက်ရှိရာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်းထိ နိုင်ငံတော် ဓာတ်အား စနစ်မှ ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း ၊ ဆက်လက်၍လည်း ၂၀၂၁ ခုနှစ်တွင် တစ်နိုင်ငံလုံး၏ ၅၅ ရာခိုင်နှုန်း၊ ၂၀၂၅-၂၀၂၆ တွင် တစ်နိုင်ငံလုံး၏ ၇၅ ရာခိုင်နှုန်းအထက် နှင့် ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ လျှပ်စစ်ဓာတ်အား ရရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင် ဓာတ်အားစနစ်မှ ဓာတ်အားပေးနိုင်ရေး ဆောင်ရွက်မှုများရှိသကဲ့သို့ ဓာတ်အားစနစ်နှင့် ဝေးကွာသော ဒေသများသို့လည်း လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနိုင်ရေးအတွက် နေရောင်ခြည်စွမ်းအင် အသုံးပြု၍ ဓာတ်အား ပေးခြင်း၊ အသေးစား ရေအားလျှပ်စစ်ဓာတ်အားပေးစက် များ၊ လေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်များ၊ ဒီဇယ် ဓာတ်အားပေး စက်များဖြင့် ဓာတ်အားပေး နိုင်ရေးကိုလည်း စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117