Connect with us

North America

အမေရိကန်နိုင်ငံ အမြန်လမ်း၌ အစုလိုက်အပြုံလိုက်ကားတိုက်မှုဖြစ်ပွား ၅ ဦးသေဆုံး ၊ အမြောက်အများဒဏ်ရာရ

အမေရိကန်နိုင်ငံ ပင်ဆူဗေးနီးယားပြည်နယ် အမြန်လမ်းမတွင် ဇန်နဝါရီ ၅ ရက်နံနက်ပိုင်းက ဖြစ်ပွားသော ကားတိုက်မှုမြင်ကွင်းအားတွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ပင်ဆူဗေးနီးယားပြည်နယ်အတွင်းရှိ အမြန်လမ်းမတစ်ခု၌ ဇန်နဝါရီ ၅ ရက် နံနက်ပိုင်းက အစုလိုက်အပြုံလိုက် ကားတိုက်မှုတစ်ခု ဖြစ်ပွားရာ အနည်းဆုံး လူ ၅ဦးသေဆုံးပြီး အမြောက်အများထိခိုက်ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

အဆိုပါ ကားတိုက်မှုသည် ပင်ဆူဗေးနီးယားပြည်နယ် Mount Pleasant မြို့နယ်အတွင်း ဒေသစံတော်ချိန် နံနက် ၃ နာရီ ၃၄ မိနစ်တွင် ဖြစ်ပွားခဲ့ကြောင်း Westmoreland မြို့ ပြည်သူလုံခြုံရေးဌာနက ဆိုသည်။နောက်တွဲယာဉ် နှစ်စီး ၊ ကမာ္ဘလှည့်ခရီးသည်များလိုက်ပါလာသောဘတ်စ်ကားတစ်စီး နှင့် ရိုးရိုးခရီးသည်တင်ယာဉ်တစ်စီးတို့ ဆင့်ကဲတိုက်မှုဖြစ်ပွားခဲ့ကြောင်း ပင်ဆူဗေးနီးယားပြည်နယ်အဝေးပြေးလမ်းဌာနမှ ပြောရေးဆိုခွင့်ရှိသူ Carl Defebo ကတွစ်တာလူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။

“ ဒဏ်ရာရတဲ့ လူပေါင်း ၆၀ ကျော်ကို Westmoreland မြို့အတွင်းက ဆေးရုံသုံးရုံကို ခွဲပြီး ပို့ဆောင်ပေးထားပါတယ်။ လူ ငါးယောက် သေဆုံးသွားတယ်လို့ တရားဝင်အတည်ပြုချက်ရပါတယ် ” ဟုတွစ်တာတွင် ဆက်လက်ဖော်ပြခဲ့သည်။ယာဉ်မတော်တဆမှု ဖြစ်ပွားရခြင်းနှင့်ပတ်သက်၍ လတ်တလော ရှင်းရှင်းလင်းလင်းမသိရသေးပေ။ ပင်ဆူဗေးနီးယားပြည်နယ်အတွင်းရှိ အဝေးပြေးလမ်းမသည် အရှည် ၃၆၀ မိုင်(၅၇၉ ကီလိုမီတာ) ရှိကြောင်း သိရသည်။(Xinhua)  

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.