ရန်ကုန်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၌ ဘိန်းဖြူ/ဘိန်းညိုမှုန့် ၃၆၉.၈၀၄ ကီလိုဂရမ် (၁ ကီလိုလျှင် ကျပ် ၁၅၀ သိန်းနှုန်းဖြင့် ကျပ်သိန်း ၇၂,၄၅၁ တန်ဖိုးရှိ)အား ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
ကန်ဒါဟာ၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း ကန်ဒါဟာပြည်နယ် တွင် သန်းခေါင်ယံအချိန်က စစ်တပ်ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့ရာ အနည်းဆုံး အာဖဂန်တပ်ဖွဲ့ဝင် ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာ ၁၀ ရက်တွင်ပြောကြားခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း ၏ အရှိန်ကြောင့် တိုင်းဒေသကြီး နှင့် ပြည်နယ်တစ်ချို့တွင် မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌန မှ ယနေ့သတင်းထုတ်ပြန်သည်။
ဝူးလူမုချီ၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်းဝေဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရှိ ဝူးလူမုချီ သိဝေါပေါင် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သီးသန့်အိပ်ရာ အခု ၅၀ ထားရှိပေးထားပြီး ခရီးသည်များ ခေတ္တအိပ်စက်နိုင်ရန် ပိုမိုသက်တောင့်သက်သာရှိသော နည်းလမ်းဖြင့် ဖြည့်ဆည်းပေးထားကြောင်း သိရသည်။
ဆစ်ဒနီ၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ) သြစတြေးလျနိုင်ငံ အနောက်သြစတြေးလျပြည်နယ်ရှိ လမ်းတစ်ခုတွင် ထိတ်လန့်ဖွယ် ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားပြီးနောက် ဒီဇင်ဘာ ၁၀ရက်တွင် တတိယမြောက် လူတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
မိုဂါဒစ်ရှူး ၊ ဒီဇင်ဘာ ၁၀ ရက်(ဆင်ဟွာ) အမေရိကန်စစ်တပ်သည် ဒီဇင်ဘာ ၈ ရက်က ဆိုမာလီယာနိုင်ငံ တောင်ပိုင်း Basraကျေးရွာအနီးတွင် အစွန်းရောက်အများအား ပစ်မှတ်ထားလေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ အယ်လ်ရှာဘတ်၄ ဦး ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း အမေရိကန်၏ အာဖဂန်စစ်ဌာနချုပ်(Africom) က ဒီဇင်ဘာ ၉ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ခါတွန် ၊ ဒီဇင်ဘာ ၁၀ ရက်(ဆင်ဟွာ) ဆူဒန်နိုင်ငံ အရှေ့ပိုင်း Gadaref ပြည်နယ်တွင် ဒီဇင်ဘာ ၉ ရက်က ရဟတ်ယာဉ်တစ်စီးပျက်ကျမှု ဖြစ်ပွားရာ ဒေသခံ အစိုးရအရာရှိ ၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
တိုကျို၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ အရှေ့ပိုင်း Mie စီရင်စု ကမ်းရိုးတန်းအလွန်တွင် ဒီဇင်ဘာ ၁၀ရက်က အင်အား ၅.၃ပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ဂျပန်နိုင်ငံ မိုးလေဝသဌာနက ပြောကြားခဲ့သည်။
ထရီပိုလီ ၊ ဒီဇင်ဘာ ၁ဝ ရက်(ဆင်ဟွာ) လစ်ဗျားနိုင်ငံအလယ်ပိုင်း Fug’ha မြို့၌ လွန်ခဲ့သော ၂ လကျော်က ပြန်ပေးဆွဲခံရသည့် ဓားစာခံ ၆ ဦးကို အိုင်အက်စ်(IS) စစ်သွေးကြွများက သတ်ဖြတ်လိုက်ပြီဖြစ်ကြောင်း လစ်ဗျားအစိုးရအရာရှိတစ်ဦးက ဒီဇင်ဘာ ၉ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
မော်စကို ၊ ဒီဇင်ဘာ ၁ဝ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသည် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် အကြမ်းဖက်တိုက်ဖျက်ရေးကို လက်နက်တစ်ခု နှင့် ဆင်ခြေဆင်လက်တစ်ခုအဖြစ် အသုံးပြုနေကြောင်း ရုရှားနိုင်ငံဒူးမားလွှတ်တော်ဥက္ကဋ္ဌ Vyacheslav Volodin က ပြောသည်။