ရန်ကုန်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) စစ်တွေမြို့ ရေချမ်းပြင်ဆိပ်ကမ်း၌ ကျပ် သိန်းပေါင်းခြောက်သောင်းရှစ်ထောင်ကျော် တန်ဖိုးရှိ WY စိတ်ကြွဆေးပြား ၃၄သိန်းဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်သော သတင်းအရသိရသည်။
ရန်ကုန်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတစ်နိုင်ငံလုံး၌ ၂၀၁၇ ခုနှစ်၏ ပထမ ငါးလတာအတွင်း မီး ၁၅၁ ကြိမ်လောင်ကျွမ်းခဲ့ပြီး ငွေကျပ် ၂၄၅သန်းကျော် ဆုံးရှုံးခဲ့ကြောင်း မြန်မာနိုင်ငံ ဗဟိုမီးသတ်ဦးစီးဌာန၏ တရားဝင်ထုတ်ပြန်ချက်များအရ သိရသည်။
ရန်ကုန် ၊ ဇွန် ၁၂ ရက်(ဆင်ဟွာ) နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ဒက္ခိဏသီရိဈေးအနီးတွင် ယနေ့ဇွန် ၁၂ ရက် နံနက်ပိုင်း အချိန်တွင် မန္တလာမင်း ခရီးသယ်တင်ယာဉ်နှင့် အလုပ်သမားများ တင်ဆောင်လာသည့် ယာဉ်တစ်စင်းတို့ ယာဉ်တိုက်မှု ဖြစ်ပွားရာ အလုပ်သမားများ တင်ဆောင်လာသည့် ယာဉ်ပေါ်တွင် လိုက်ပါလာသူ ၂ ဦး...
ဘန်ကောက်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံတောင်ပိုင်းတွင် သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားရာ လူတစ်ဦးသေဆုံးခဲ့ကြောင်း ပြည်တွင်း မီဒီယာ တစ်ခု က ဇွန်လ ၁၁ ရက်တွင်ဖော်ပြခဲ့သည်။
တိုရန်တို ၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) ကနေဒါနိုင်ငံ တိုရန်တိုမြို့၌ ယနေ့စတင်ကျင်းပသည့် ၂ဝ၁၇ ခုနှစ် တိုရန်တို တက်တူးပြပွဲ (2017 Toronto Tattoo Show) ၌ ကမ္ဘာ တစ်ဝန်းမှ တက်တူးဝါသနာရှင်ပေါင်း ၄ဝဝ ကျော် ပါဝင်ပြသလျက် ရှိကြောင်း သိရသည်။(Xinhua)
ရန်ကုန် ၊ ဇွန် ၁၂ ရက်(ဆင်ဟွာ) ပျက်ကျသွားခဲ့သည့် တပ်မတော် ပို့ဆောင်ရေး Y-8 လေယာဉ်၌ ပါဝင်သူ အရေအတွက်၏ ထက်ဝက်ကျော် အဖြစ် ရုပ်အလောင်း ၇၆ လောင်းအား ယနေ့ဇွန် ၁၂ ရက် နံနက် ၁၁ နာရီကျော် အချိန်ထိ ရှာဖွေ တွေ့ရှိထားကြောင်း...
ရန်ကုန်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) လှည်းကူးမြို့နယ် ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီးပေါ်ရှိ ကျူးကျော်တဲများ အားလုံးကို ရှင်းလင်းမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရန်ကုန် ၊ ဇွန် ၁၂ ရက်(ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်၏ အရှိန်ကြောင့် နောက် ၄၈ နာရီအတွင်း တိုင်းဒေသကြီး/ပြည်နယ်များတွင် နေရာစိပ်စိပ် မှ နေရာအနှံ့အပြား ၊ ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ...
မက္ကဆီကို စီးတီး၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ မက္ကဆီကို စီးတီးမြို့တွင် ဇွန်လ ၁၁ ရက်က ဘူတာရုံသို့ ဦးတည်မောင်းနှင်နေသည့် မြေအောက်ရထားတစ်စီးပေါ်မှ မက္ကဆီကိုအမျိုးသားတစ်ဦးသည် ရထားပြတင်းပေါက်မှ အပြင်သို့ ခေါင်းထုတ်ကြည့်မိရာ ပလက်ဖောင်းပေါ်ရှိ သတ္တု အတားအဆီးတစ်ခုနှင့် တိုက်မိပြီး သေဆုံးသွားခဲ့ကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြခဲ့သည်။
ပါရီ ၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံ၏ လွှတ်တော်ရွေးကောက်ပွဲ ပထမအကြော့တွင် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်၏ LREM ပါတီ နှင့် ၎င်း၏မဟာမိတ် MoDem ပါတီတို့က ဦးဆောင်လျက်ရှိကြောင်း ပြင်သစ်နိုင်ငံပြည်ထဲရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်ချက်အရ သိရသည်။