Connect with us

Asia

ခေါင်းဆောင်ကြီး၏မည်သည့် ဆုံးဖြတ်ချက်ကိုမဆို လုပ်ဆောင်ရန် အသင့်ရှိကြောင်း မြောက်ကိုရီးယားစစ်ဦးစီးချုပ်ပြော

မြောက်ကိုရီးယားနိုင်ငံထိပ်တန်းခေါင်းဆောင်ကင်ဂျုံအန် နှင့် စစ်ဗိုလ်ချုပ်ကြီးများအားအတူတကွ တွေ့ရစဉ်(ဆင်ဟွာ)

ပြုံယမ်း ၊ ဒီဇင်ဘာ ၁၅ရက်(ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်၏ မည်သည့်ဆုံးဖြတ်ချက်ကိုမဆို လိုက်နာဆောင်ရွက်ရန် စစ်တပ်အနေဖြင့် အပြည့်အဝ အသင့် အနေအထားတွင်ရှိနေကြောင်း မြောက်ကိုရီးယားနိုင်ငံစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Pak Jong Chon က ဒီဇင်ဘာ ၁၄ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

Pak က “ နိုင်ငံရေးအရဖြစ်စေ စစ်ရေးအရဖြစ်စေ ရန်စမှုတွေကို တုံ့ပြန်သွားဖို့ ကျွန်တော်တို့ အသင့်ပြင်ထားတယ်။ တွေ့ဆုံဆွေးနွေးမလား ၊ ထိပ်တိုက်ရင်ဆိုင်မလား နှစ်မျိုးစလုံး ဖြစ်တယ်” ဟု ဖော်ပြထားသည့် ကြေညာချက်တစ်စောင်ကို နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံထိပ်တန်းခေါင်းဆောင်ကင်ဂျုံအန် နှင့် စစ်ဗိုလ်ချုပ်ကြီးများအားအတူတကွ တွေ့ရစဉ်(ဆင်ဟွာ)

မကြာသေးမီက မြောက်ကိုရီးယားနိုင်ငံ ကာကွယ်ရေးသိပ္ပံအကယ်ဒမီအနေဖြင့် စစ်လက်နက်များအောင်မြင်စွာ တီထွင်နိုင်ခဲ့ခြင်းအပေါ် ဝမ်းမြောက်ဂုဏ်ယူကြောင်း Pak ကပြောကြားခဲ့ပြီး “ နောက်ထပ်အရေးပါတဲ့ စမ်းသပ်မှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့တယ်” ဟူ၍ ဆက်လက်ဆိုထားသည်။

မြောက်ကိုရီးယားနိုင်ငံသည် “ နောက်ထပ်အရေးပါသော ဒုံးကျည်စမ်းသပ်မှု” ကို ဒီဇင်ဘာ ၁၃ ရက် ညနေပိုင်းတွင် Sohae မြေပြင်ဒုံးပစ်စင်မှ အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့ကြောင်း KCNA က ဒီဇင်ဘာ ၁၄ ရက်တွင် သတင်းဖော်ပြခဲ့သည်။

ယင်းဒုံးကျည်စမ်းသပ်မှုသည် ဒီဇင်ဘာ ၇ ရက်က ယင်းဒုံးပစ်စင်၌ပင် ပြုလုပ်ခဲ့သည့် အလွန်အရေးကြီးသော စမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့ပြီးနောက် တစ်ပတ်အကြာတွင် မြောက်ကိုရီးယားနိုင်ငံက ဒီဇင်ဘာ ၁၃ ရက်တွင် နောက်ထပ်တစ်ကြိမ် ထပ်မံ စမ်းသပ်ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။(Xinhua)