Connect with us

Politics, Law & Military

တပ်မတော်(လေ)အတွက် တိုက်လေယာဉ်နှင့် ရဟတ်ယာဉ် စုစုပေါင်း (၁၀) စီးတပ်တော်ဝင်

တပ်မတော်(လေ) ဖွဲ့စည်းတည်ထောင်မှု(၇၂)နှစ်မြောက် လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်အခမ်းအနားကျင်းပစဉ်(ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ)

တပ်မတော်(လေ)အတွက် JF-17 B  ဘက်စုံသုံးတိုက်ခိုက်ရေးလေယာဉ်၊ Yak-130 အပေါ့စား တိုက်လေယာဉ် နှင့် MI-35 P  တိုက်ခိုက်ရေးရဟတ်ယာဉ်များ တပ်တော်ဝင်နိုင်ခြင်းသည် တပ်မတော်(လေ)အတွက် လေကြောင်းစွမ်းအား တိုးမြှင့်ပေးရာ ရောက်သကဲ့သို့ တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေးပိုင်း တွင်လည်း စွမ်းရည်ပိုမို တိုးတက်လာစေမည် ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

မြန်မာနိုင်ငံတော်၊ တပ်မတော်(လေ)၏ (၇၂)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် နိုင်ငံတော်နှင့်တပ်မတော်၏ လေကြောင်းစွမ်းပကား မြင့်မားစေရန်အတွက် JF-17 B ဘက်စုံသုံး တိုက်ခိုက်ရေးလေယာဉ် ၂ စင်း၊ Yak-130 အပေါ့စားတိုက်လေယာဉ် ၆ စင်းနှင့် MI-35 P တိုက်ခိုက်ရေးရဟတ်ယာဉ် ၂ စီး၊ စုစုပေါင်း လေယာဉ်၊ ရဟတ်ယာဉ် ၁၀ စင်း တပ်တော်ဝင်နိုင်ခဲ့ကြောင်း သိရသည်။

တပ်မတော်(လေ) ဖွဲ့စည်းတည်ထောင်မှု(၇၂)နှစ်မြောက် လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်အခမ်းအနားကျင်းပစဉ်(ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

 တပ်မတော်(လေ) ဖွဲ့စည်းတည်ထောင်မှု(၇၂)နှစ်မြောက် လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင်အခမ်းအနားကျင်းပစဉ်(ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

လေယာဉ်၊ ရဟတ်ယာဉ်များ တပ်တော်ဝင် အခမ်းအနားများပြုလုပ်၍ ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်း သည် တပ်မတော်(လေ)ရှိ အရာရှိ၊ စစ်သည်များ၏ စိတ်ဓာတ်အင်အားကို မြှင့်တင်ပေးရာ ရောက်သကဲ့သို့ တပ်မတော်အတွက် တိုက်စွမ်းအား၊ တိုက်စွမ်းရည် တိုးတက်မြင့်မားအောင် အထောက်အကူပြုစေမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ဒေသတွင်း လေတပ်များနှင့် ရင်ပေါင် တန်းနိုင်အောင် ထိရောက်သော လေကြောင်းစွမ်းအား၊ လေကြောင်းအာကာသစွမ်းအား ပိုင်ဆိုင်သော တပ်မတော်(လေ)နှင့် ကျစ်လျစ်ပြီး စွမ်းရည် ထက်မြက်သည့် တပ်မတော် (လေ) ဖြစ်စေရန် ရည်မှန်းတည်ဆောက်သွားရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။တပ်မတော်(လေ)၏ဖွဲ့စည်းတည်ထောင်မှု(၇၂)နှစ်မြောက် လေယာဉ်၊ ရဟတ်ယာဉ် ၁၀ စင်း တပ်တော်ဝင်ခြင်း အခမ်းအနားကို ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် မိတ္ထီလာတပ်နယ်ရှိ လေကြောင်းအတတ်သင် လေတပ် စခန်းဌာနချုပ်၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့်ဇနီး၊ အငြိမ်းစား ကာကွယ်ရေးဦးစီးချုပ်(ရေ)များ၊ အငြိမ်းစား ကာကွယ်ရေးဦးစီးချုပ်(လေ)များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး လေတပ်စခန်းဌာနချုပ်မှူးများ၊ မိထ္ထီလာတပ်နယ်မှအရာရှိ၊ စစ်သည်၊ မိသားစုများ၊  ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ တပ်မတော်(လေ) မှ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြကြောင်း သိရသည်။(Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.