ရန်ကုန်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျှက်ရှိသော သီရိလင်္ကာတောင်ပိုင်းကမ်းခြေ အနီးတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေကြောင်း၊ ထို့အပြင် ဗီယက်နမ်ကမ်းခြေအရှေ့ဘက်လောက်မှာ မုန်တိုင်းတစ်ခု ဖြစ်နေပြီး အဆိုပါမုန်တိုင်းကြောင့် မြန်မာနိုင်ငံ တောင်ဘက်တွင် မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူးဦးလှထွန်းက ဆင်ဟွာကိုပြောသည်။
ဝါရှင်တန်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ပန်ဆေလ်ဗေးနီးယားပြည်နယ် ပစ်စ်ဘာ့ခ်မြို့လယ်၌ လမ်းပေါ်ရှိကျင်းပေါက်တစ်ခုအတွင်းသို့ အောက်တိုဘာ ၂၈ ရက် နံနက်ပိုင်းက ကားတစ်စီး၏အနောက်ပိုင်း ပြုတ်ကျသွားခဲ့ရာ ကားပေါ်ပါလာသည့် လူတစ်ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း အာဏာပိုင်များက ပြောခဲ့သည်။
ဘိုင်ရာ၊အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ China Exim Bank၏ချေးငွေဖြင့် China Harbour Engineering Company(CHEC)မှ တာဝန်ယူ ပြုပြင်တည်ဆောက်ပေးသော မိုဇမ်ဘစ်နိုင်ငံ ဘိုင်ရာ ငါးဖမ်းဆိပ်ကမ်း(Beira fishing port)စီမံကိန်းကို အောက်တိုဘာ ၂၈ ရက်က ယင်းနိုင်ငံ အစိုးရထံသို့ အောင်မြင်စွာလွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
ဘန်ကောက် ၊ အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာဝီဝန်ဆူဝမ်(Prawit Wongsuwan)က ၃၅ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေး မတိုင်မီ အောက်တိုဘာ ၂၈ ရက်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် လုံခြုံရေး အစီအမံများနှင့် စပ်လျဉ်း၍...
ရန်ကုန်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ) နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံသို့ မကြာမီ ရက်ပိုင်းအတွင်း သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ပေကျင်း၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရှန်ဟိုင်းမြို့၌ နိုဝင်ဘာ ၅ ရက်တွင် ပြုလုပ်မည့် ဒုတိယအကြိမ်မြောက် တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) ဖွင့်ပွဲအခမ်းအနား၌ မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဝမ်ပင်နန်က အောက်တိုဘာ ၂၉ ရက်တွင် ပြောကြားလိုက်သည်။...
ရန်ကုန် ၊ အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ) လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ကြုံတွေ့နေရသည့် အခက်အခဲများကျော်လွှား နိုင်ရေး ကိစ္စရပ်များ အပေါ် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် KNU ကရင်အမျိုးသားအစည်အရုံး ဥက္ကဋ္ဌ...
ပါရီ ၊ အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ) ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်း Bayonneမြို့ ရှိ ဗလီတစ်လုံး၌ အောက်တိုဘာ ၂၈ရက်တွင် အမျိုးသားတစ်ဉီးက သေနတ်ဖြင့် လိုက်လံ ပစ်ခတ်မှုကြောင့် လူ နှစ်ဉီး ထိခိုက်ဒဏ်ရာရသွားကြောင်း နှင့် သေနတ်သမားကို ဖမ်းဆီးထားကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ဆိုသည်။
ဘရပ်ဆဲလ်၊အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ) Brexit နှုတ်ထွက်ချိန်ကို ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၃၁ ရက်သို့ ရွှေ့ဆိုင်းပေးရန် ဗြိတိန်၏လျှောက်ထားချက်ကို ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံက သဘောတူ ကြောင်း ဥရောပကောင်စီ ဥက္ကဋ္ဌ ဒေါ်နယ်တက်စ် (Donald Tusk)က အောက်တိုဘာ ၂၈ ရက်တွင် တွစ်တာလူမှုကွန်ရက်၌...
ရန်ကုန်၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် တောင်ပိုင်း ရွာငံမြို့နယ် ရွာငံကြားမိုင်တိုင် အမှတ် ၂၈မိုင်၃ဖာလုံ တုတ်ထိုးရေရွာအုပ်စု ယုန်တောင်ကျေးရွာအပိုင်တွင် အောက်တိုဘာ ၂၈ ရက် ည ၇နာရီကျော်က ဘုရားဖူးလာရောက်သော light truckယာဉ် တစ်စီး ချောက်အတွင်းပြုတ်ကျခဲ့ရာမှ လူ ၁၆...