ဂျကာတာ၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အယ်ပိုင်း Nusa Tenggara ပြည်နယ်အနောက်ပိုင်း Lombok ကျွန်းအနောက်ပိုင်းတွင် ဒီဇင်ဘာလ ၆ ရက် အစောပိုင်းက အင်အား ၅.၇ ရှိသော ငလျင်တစ်ခုလှုပ်ခတ်သွားခဲ့ကြောင်း မိုးလေဝသနှင့် ဘူမိရူပဗေဒလုပ်ငန်းက ပြောကြားလိုက်သည်။
ပေကျင်း ၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ဗျူနိုအေးရိစ်မြို့၌ ကျင်းပသည့် ၁၃ ကြိမ်မြောက် G20 ထိပ်သီးအစည်းအဝေးတက်ရောက်ခြင်း နှင့် စပိန် ၊ အာဂျင်တီးနား ၊ ပနားမား နှင့် ပေါ်တူဂီ နိုင်ငံများသို့နိုင်ငံတော်အလည်အပတ်ခရီးစဉ်သွားရောက်ခဲ့ပြီးနောက် ဒီဇင်ဘာ ၆ ရက်တွင် တရုတ်နိုင်ငံသို့ပေကျင်းမြို့သို့ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။
နယူးဒေလီ၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ တောင်ပိုင်း Karnataka ပြည်နယ် Bengaluru မြို့ ရှိ Indian Institute of Science (IISc) အတွင်း ဒီဇင်ဘာ ၅ရက်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ သိပ္ပံပညာရှင်တစ်ဦးသေဆုံးပြီး အခြားလူ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။
တီဟီရန်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ ရေနံဝန်ကြီးဌာန ဝန်ကြီး က လာမည့် ရေနံတင်ပို့သည့်နိုင်ငံများအဖွဲ့ (OPEC) အစည်းအဝေး တွင် ဆော်ဒီအာရေဗျနိုင်ငံ၏ ရေနံအလွန်အကျွံရောင်းချမှု နှင့် ပတ်သက်၍ ဆွေးနွေးကြလိမ့်မည်ဖြစ်ကြောင်း ဒီဇင်ဘာ ၅ရက်ကပြောကြားခဲ့သည်။
နေပြည်တော် ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ) ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အမျိုးသားစီမံကိန်း၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ အစီရင်ခံစာနှင့်ပြင်သစ်ဖွံဖြိုးတိုးတက်ရေးအေဂျင်စီ(AFD)ထံမှ ယူရိုသန်း ၇၀ ချေးငွေရယူရန်ကိစ္စနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ အစည်းအဝေးအား ကျင်းပခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်မှ သတင်းထုတ်ပြန်သည်။
မက္ကဆီကိုစီးတီး ၊ ဒီဇင်ဘာ ၆ရက်(ဆင်ဟွာ) ဘရာဇီးဘောလုံးအကျော်အမော် ရော်နယ်ဒိုက စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် ကျင်းပမည့် ရေဗားပလိတ် နှင့် ဘိုကာဂျူနီယာ အသင်းတို့၏ ကိုပါ Libertadores ဗိုလ်လုပွဲ ဒုတိယအကျော့ ပွဲစဉ်ကို ထောက်ခံအားပေးသည့်အနေဖြင့် ၎င်းပါဝင်ကစားပေးရန် ဆုံးဖြတ်လိုက်ကြောင်း ဒီဇင်ဘာ ၅ ရက်တွင်ပြောကြားခဲ့သည်။
ရန်ကုန် ၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ) မြန်မာ-အီတလီ နှစ်နိုင်ငံ အကြား ပူးပေါင်းဆောင်ရွက်လျက် ရှိသော စီမံကိန်းလုပ်ငန်းဆိုင်ရာများအား စိုက်ပျိုးရေး ၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ အောင်သူ နှင့် မြန်မာနိုင်ငံဆိုင်ရာ အီတလီနိုင်ငံ သံအမတ်ကြီး H.E....
တိုကျို ၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံ အနောက်ပိုင်းကမ်းခြေ၌ ယနေ့ဒီဇင်ဘာ ၆ ရက် နံနက်အစောပိုင်းတွင် နှစ်စင်းပေါင်း လူ ၇ ဦးလိုက်ပါလာသော အမေရိကန်စစ်တပ်မှ လေယာဉ်နှစ်စင်း တိုက်မိမှုဖြစ်ပွားခဲ့ရာ လူတစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ဂျပန်အစိုးရသတင်းအရင်းအမြစ်များကို ကိုးကား၍ ဒေသမီဒီယာက ဖော်ပြခဲ့သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ) ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေးနှင့် စက်မှုလက်မှုရေးရာကော်မတီမှ ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ စံပြငါးဈေးတွင် ကုန်တင်ကုန်ချအလုပ်သမားပြဿနာများနှင့် ယာဉ်ကြောကြပ်တည်းမှု ပြဿနာများအား ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင် ငွေကျပ် ၂,၃၄၈ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။