Connect with us

Latin America

ချီလီ နိုင်ငံ လေတပ် ၏ လူပေါင်း ၃၈ ဦး လိုက်ပါသွားသော လေယာဉ် တစ်စင်း မြေပြင် နှင့် အဆက်အသွယ် ပြတ်တောက်နေသဖြင့် အရေးပေါ် ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်နေ

C-130 Hercules အမျိုးအစား သယ်ယူပို့ဆောင်ရေး လေယာဉ် တစ်စင်းအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဆန်တီရာဂို ၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)

ချီလီ နိုင်ငံ လေတပ် ၏ ဒီဇင်ဘာ ၉ ရက် ထုတ်ပြန်ကြေညာချက် အရ စစ်ဘက်ဆိုင်ရာ ၏ C-130 Hercules အမျိုးအစား သယ်ယူပို့ဆောင်ရေး လေယာဉ် က ယင်းနေ့ တွင် နိုင်ငံတောင်ပိုင်း Punta Arenas မြို့ မှ အန္တာတိကတိုက် သို့ ပျံသန်းစဉ် အတွင်း ညနေပိုင်း အချိန် ၌ မြေပြင် နှင့် အဆက်အသွယ် ပြတ်တောက် သွားကြောင်း သိရှိရသည်။

ထုတ်ပြန်ကြေညာချက် တွင် လေယာဉ် ပေါ်တွင် လူပေါင်း ၃၈ ဦး လိုက်ပါသွားပြီး လေယာဉ်ဝန်ထမ်း ၁၇ ဦး နှင့် ခရီးသည် ၂၁ ဦး ပါဝင်ကြောင်း ၊ လေယာဉ်က ချီလီ နိုင်ငံ ဒေသစံတော်ချိန် ၉ ရက် ၁၆ နာရီ ၅၅ မိနစ် တွင် Punta Arenas မြို့ မှ စတင် ပျံသန်း ခဲ့ခြင်း ဖြစ်ပြီး ဒေသစံတော်ချိန် ၁၈ နာရီ ၁၃ မိနစ် တွင် အဆက်အသွယ် ပြတ်တောက် သွားခဲ့ခြင်း ဖြစ်ကြောင်း ပါဝင် ခဲ့သည်။

ထို့ပြင် ထုတ်ပြန်ကြေညာချက် တွင် ယင်းအဆက်အသွယ် ပြတ်တောက်သွားသည့် လေယာဉ် က ထောက်ပံ့ရေး ပစ္စည်း ပို့ဆောင်သည့် တာဝန် ကို ထမ်းဆောင်ခဲ့ကြောင်း ၊ လေယာဉ်ပေါ်တွင် လိုက်ပါသွားသူများ က အန္တာတိကတိုက် လေတပ်စခန်း ၏ လောင်စာဆီ ပိုက်လိုင်း ပြုပြင်ထိန်းသိမ်းရန် လိုက်ပါသွား ခဲ့ခြင်း ဖြစ်ကြောင်း ၊ ချီလီ လေတပ် အနေဖြင့် လက်ရှိချိန်တွင် အရေးပေါ် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေကြောင်း ပါဝင် သည်။(Xinhua)