Connect with us

Social, Education & Health

တရုတ် အမျိုးသမီးများ အလုပ်အကိုင် အခြေအနေ ကောင်းမွန် လာခြင်းတို့ကို ပျော်ရွင်ကြ

တရုတ်နိုင်ငံ၌ အမျိုးသမီး လေယာဉ်မှူး တစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဒီဇင်ဘာ ၁၀ ရက်(ဆင်ဟွာ)

တရုတ် အမျိုးသမီးများ အတွက် လုပ်ငန်းခွင် ပတ်ဝန်းကျင်မှာ ပြီးခဲ့သည့်နှစ်တွင် ပိုမို တိုးတက် ကောင်းမွန် လာကြောင်း တရားဝင် စာရင်းဇယားများ အရ သိရသည်။

၂၀၁၈ ခုနှစ်တွင် အမျိုးသမီး အလုပ်သမားများမှာ စုစုပေါင်း အလုပ်သမား၏ ၄၃ ဒသမ ၇ ရာခိုင်နှုန်း ရှိပြီး ယခင်နှစ်ကထက် ၀ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း အမျိုးသား စာရင်းအင်း ဗျူရို(NBS) က အစီရင်ခံစာတွင် ဖော်ပြထားသည်။

စီးပွားရေး လုပ်ငန်းများတွင် အမျိုးသမီး ညွှန်ကြားရေးမှူးများ နှင့် ကြီးကြပ်ရေးမှူးများ၏ အချိုးအစားမှာ ၃၉ ဒသမ ၉ ရာခိုင်နှုန်း နှင့် ၄၁ ဒသမ ၉ ရာခိုင်နှုန်း အသီးသီး ရှိခဲ့ပြီး ယခင်နှစ်ကထက် ၀ ဒသမ ၂ ရာခိုင်နှုန်း နှင့် ၀ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရသည်။

တရုတ် နိုင်ငံ ပေကျင်းမြို့၌ အခမ်းအနား တစ်ခုတွင် တွေ့မြင်ရသော ဘွဲ့ရကျောင်းသူများအား တွေ့ရစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံကလည်း အမျိုးသမီးများ အတွက် သက်ဆိုင်သည့် အာမခံချက် လွှမ်းခြုံမှုကို ချဲ့ထွင်ရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးခဲ့ကြောင်း ၊ ၂၀၁၈ ခုနှစ်အကုန်တွင် အမျိုးသမီး ဦးရေ ၈၃ ဒသမ ၄၁ သန်းခန့်မှာ အလုပ်လက်မဲ့ အာမခံချက် ခံစားခွင့် ရရှိခဲ့ပြီး ၂၀၁၀ ခုနှစ်အကုန်ကထက် ၆၂ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း သိရသည်။

အမျိုးသား စာရင်းအင်း ဗျူရို(NBS)၏ အချက်အလက်များ အရ အမျိုးသမီးများမှာ အဆင့်မြင့် ပညာရေး ရရှိရန် အခွင့်အလမ်းများ တိုးတက်လာသည့် အတွက် ပျော်ရွှင်နေကြကြောင်း ၊ ၂၀၁၈ ခုနှစ်တွင် ဘွဲ့ရကျောင်းသူ ၄၉ ဒသမ ၆ ရာခိုင်နှုန်း နှင့် အချိန်ပြည့် ကောလိပ် ကျောင်းသူ ၅၂ ဒသမ ၅ ရာခိုင်နှုန်း ရှိခဲ့ရာ ၂၀၁၀ ခုနှစ်ကထက် ၁ ဒသမ ၈ ရာခိုင်နှုန်း နှင့် ၁ ဒသမ ၆ ရာခိုင်နှုန်း အသီးသီး မြင့်တက်လာခဲ့ကြောင်း သိရသည်။(Xinhua)