ဟနွိုင်း ၊ နိုဝင်ဘာ ၂၂ ရက်(ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ Binh Phuoc ပြည်နယ်တွင် ဆီတင်ယာဉ်တစ်စီး တိမ်းမှောက်မီးလောင်မှုကြောင့် လူနေအိမ်များ မီးလောင်ကျွမ်းခဲ့ရာ အနည်းဆုံး ၆ ဦးထက်မနည်းသေဆုံးပြီး ဒါဇင်နှင့်ချီ ဒဏ်ရာရခဲ့ ကြောင်း ဗီယက်နမ် မီဒီယာများ၏ သတင်းများအရ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ ၅ လက်မ ပတ်လည်ခန့်ရှိ ဆင်သားရေ ၂၉၀ ချပ် သိမ်းဆည်းရမိမှု ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် တညင်းကုန်းဘူတာ၌ မြို့ပတ်ရထားမှ ရေတိုင်ကီရေဆူပြီး ပွင့်ထွက်မှုကြောင့် အမျိုးသမီး ၇ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ဒမက်စကက်စ်၊ နိုဝင်ဘာ ၂၂ ရက်(ဆင်ဟွာ) ဆီးရီးယား-ဂျော်ဒန် နှစ်နိုင်ငံနယ်စပ်တွင်ရှိသည့် Nasib-Jaber နယ်စပ်ဝင်ထွက်ဂိတ်ကို ပြီးခဲ့သော လတွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် ယင်းနယ်စပ်ဂိတ်မှ တစ်ဆင့် မိမိနိုင်ငံသို့ ပြန်လည် ထွက်ခွာသွား သော ဆီးရီးယား ဒုက္ခသည် ၂၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း ဆီးရီးယား မီဒီယာများ၏ နိုဝင်ဘာ ၂၁ ရက်နေ့...
ရန်ကုန်၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးတွင် မိန်းကလေး(၃၈)ဦးအား ပြည်ပနိုင်ငံများသို့ အလုပ်လုပ်ကိုင်ရန် တရားမဝင်စုဆောင်းထားခြင်းတစ်ခုအား အရေးယူဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
အန်ကာရာ၊ နိုဝင်ဘာ ၂၂ ရက်(ဆင်ဟွာ) တူရကီနိုင်ငံ မြောက်ပိုင်း Zonguldak ပြည်နယ်ရှိ ကျောက်မီးသွေးတွင်း တစ်ခုသည် နိုဝင်ဘာ ၂၁ ရက် နံနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားရာ လူ ၃ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိကြောင်း သိရသည်။
ဒူဘိုင်း၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ) အဘူဒါဘီဖယ်ဒရယ် အယူခံတရားရုံးက ဗြိတိန်ကျောင်းသား Matthew Hedges အား ဗြိတိန်နိုင်ငံအတွက် သူလျှိုပြုလုပ်ပေးမှုဖြင့် နိုဝင်ဘာ ၂၁ရက်တွင် ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်ခဲ့ကြောင်း Emirates News Agency (WAM) ကဖော်ပြခဲ့သည်။
အစ္စလာမ်မာဘတ်၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Balochistan ပြည်နယ် ရှိ ဗလီတစ်ခုအတွင်း နိုဝင်ဘာ ၂၁ ရက် ညနေပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ ၁၀ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းသတင်း၌ဖော်ပြခဲ့သည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ ဖယ်ခုံ၊ ပင်လုံ၊ မိုင်းပွန်နှင့် မိုင်းပန်မြို့နယ်တို့တွင် ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဘိန်းခင်းများ ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတစ်ဝန်းရှိ အိမ်တွင်းအလှဆင် နှင့် အထည်အလိပ်လုပ်ငန်းများနှင့် ပတ်သက်သည့် လုပ်ငန်းရှင်များအနေဖြင့် ဥရောပနိုင်ငံများသို့ ကုန်ပစ္စည်းတင်သွင်းနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။