Connect with us

Asia

ဟောင်ကောင်အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တွင် ဒေသကောင်စီရွေးကောက်ပွဲ များကျင်းပ

ဟောင်ကောင်အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တွင် နိုဝင်ဘာလ ၂၄ ရက် ကကျင်းပသော ဒေသကောင်စီရွေးကောက်ပွဲ များ၌ ပြည်သူများဆန္ဒမဲပေးရန်တန်းစီနေစဉ်(ဆင်ဟွာ)

ဟောင်ကောင်၊နိုဝင်ဘာလ ၂၅ ရက်(ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖြစ်သောဟောင်ကောင်တွင် ဒေသ ကောင်စီဝင်နေရာများအတွက်ရွေးကောက်ပွဲများကို နိုဝင်ဘာလ ၂၄ ရက် နံနက်တွင်စတင်ကျင်းပခဲ့ရာ စုစုပေါင်း မဲပေးပိုင်ခွင့်ရှိသူများ၏ ၇၁ ဒသမ ၂ ရာခိုင်နှုန်းလာရောက်မဲပေးကြကာအောင်မြင်စွာကျင်းပ ပြီးစီးခဲ့ကြောင်းဟောင်ကောင်အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကနိုဝင်  ဘာလ ၂၅ ရက်နံနက်တွင်ပြောကြားခဲ့သည်။ 

နိုဝင်ဘာလ ၂၄ ရက၊်ဒေသစံတော်ချိန် နံနက် ရး၃၀ နာရီ အချိန်မှစ၍ ရွေးကောက်ပွဲမဲရုံများ ကိုစတင် ဖွင့်လှစ်ခဲ့ပြီး မဲရုံအများစု က ည ၁၀း၃၀ နာရီ အချိန်ထိ ဖွင့်လှစ်ခဲ့ကြကြောင်းလည်းသိရသည်။ မဲပေး ရန်မှတ်ပုံတင်ထားခဲ့သော ပြည်သူ ၄ ဒသမ ၁၃ သန်းအနက် ၂ ဒသမ ၉၄ သန်းကျော်လာရောက် မဲ ပေးခဲ့ကြကြောင်းလည်း သိရသည်။

ရွေးကောက်ပွဲအပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်အထိသက် တမ်းရှိမည့် ခြောက်ကြိမ်မြောက်ဒေသကောင်စီများတွင် ရွေးကောက်ခံဒေသကောင်စီအဖွဲ့ဝင် ၄၅၂ ဦးနှင့် နယ်မြေသစ်များမှကျေးလက်ကော်မတီ ဥက္ကဋ္ဌ များ ၂၇ ဦးတို့ကရာထူးအလိုက်အဖွဲ့ဝင်များအ ဖြစ် ပါဝင်ဖွဲ့စည်းကြမည်ဖြစ်သည်။

ဒေသကောင်စီများက ခရိုင်အဆင့်အဖွဲ့အစည်းများဖြစ်ကာ သက်ဆိုင်ရာနယ်မြေများအတွင်းပြည်သူ များအတွက်အကျိုးရှိစေမည့်ကိစ္စရပ်များ အတွက် ဟောင်ကောင်အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစိုးရ အားအကြံပေးမှုများပြုလုပ်သွားမည်ဖြစ်ပြီး ခရိုင်ရေးရာစီမံအုပ်ချုပ်မှုများတွင်လည်းပူးပေါင်း ဆောင်ရွက်ကြမည်ဖြစ်သည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117