Connect with us

Politics, Law & Military

ရှမ်းပြည်နယ် ပင်လောင်း နှင့် ဖယ်ခုံ မြို့နယ်တို့၌ ဘိန်းခင်း ဧက ၄၀၀ ကျော် ဖျက်ဆီး

- ရှမ်းပြည်နယ် အတွင်း ဘိန်းခင်းများ ဖျက်ဆီးနေမှုများအား တွေ့ရစဉ်(ဓာတ်ပုံ - CCDAC Myanmar)

ရန်ကုန် ၊ နိုဝင်ဘာ ၂၄ ရက်(ဆင်ဟွာ)

ရှမ်းပြည်နယ် ပင်လောင်း နှင့် ဖယ်ခုံ မြို့နယ်တို့၌ အောက်တိုဘာလ ၂၈ ရက်မှ နိုဝင်ဘာလ ၂၃ ရက်အထိ စုစုပေါင်း ဘိန်းခင်း ၄၃၈ ဒသမ ၅ ဧကကို ဖျက်ဆီးခဲ့ကြောင်း မူးယစ်ဆေးဝါးအလွဲသုံးစွဲမှုတိုက်ဖျက်ရေး ဗဟို ကော်မတီ  (CCDAC) က ယနေ့ သတင်း ထုတ်ပြန်ခဲ့သည်။

၂၀၁၉-၂၀၂၀ ခုနှစ် ဘိန်းစိုက်ရာသီ၌ ပင်လောင်းမြို့နယ်တွင် အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၂၃ ရက်နေ့အထိ ဘိန်းခင်း ၂၉၉.၅ ဧကနှင့် ဖယ်ခုံမြို့နယ်တွင် အောက်တိုဘာလ ၂၈ ရက်နေ့မှ နိုဝင်ဘာလ ၂၃ ရက်နေ့အထိ ဘိန်းခင်း ၁၃၉ ဧက တို့အား ဖျက်ဆီးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ထိုသို့ ဘိန်းခင်းများ ဖျက်ဆီးခဲ့မှုများ အနက် နိုဝင်ဘာ ၂၃ ရက်တွင် တပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မူးယစ် ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၂၆)ပင်လောင်းမှ တပ်ဖွဲ့ဝင်များ၊ ကျေးရွာနေပြည်သူများပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်အတွင်းရှိ ပေါ့အင်းကျေးရွာအုပ်စု၊ လွယ်အယ်ကျေးရွာ၏ အနောက်မြောက်ဘက်တွင် စိုက်ပျိုးထားရှိသော ဘိန်းခင်း ၁၁ ဧကခန့်အားလည်းကောင်း၊ စင်းတောင်းကျေးရွာ အုပ်စု၊ တင်းထက်ကျေးရွာ၏ အနောက်တောင်ဘက်တွင် စိုက်ပျိုးထားရှိသော ဘိန်းခင်း ၃၄ ဧက ခန့်အားလည်းကောင်း ဖျက်ဆီးခဲ့ကြောင်း သိရသည်။(Xinhua) 

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117