ပါရီ၊နိုဝင်ဘာ ၁၇ရက်(ဆင်ဟွာ) ပြင်သစ်နိုင်ငံအတွင်းရှိ ပါရီ ၊ နမ့်းနှင့် လိုင်ယွန်စသည့် မြို့များတွင် နိုဝင်ဘာ ၁၆ ရက်က အဝါရောင်ရောင်ပြန်အင်္ကျီဝတ်ဆန္ဒပြ လှုပ်ရှားသူများနှင့် ရဲတပ်ဖွဲ့အကြား ထိပ်တိုက်ရင်ဆိုင်မှုများ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ရာ ပါရီ ရဲတပ်ဖွဲ့က အကြမ်းဖက် ဆန္ဒပြသူ ၁၄၇ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ နိုဝင်ဘာ ၁၇ ရက်(ဆင်ဟွာ) ပြည်တွင်းလုပ်သားများ အတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁,၇၃၉ နေရာကို ဖန်တီးပေးနိုင်မည့် လုပ်ငန်း ရှစ်ခုကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)၏ နိုဝင်ဘာ ၁၆ ရက်တွင် ပြုလုပ်သော (၁၈/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးတွင် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
ဗင်းနစ် ၊ နိုဝင်ဘာ ၁၇ ရက်(ဆင်ဟွာ) အီတလီနိုင်ငံ၏ ကမာ္ဘကျော် ရှေးဟောင်းမြို့တော်ကြီးဖြစ်သော ဗင်းနစ်မြို့ ၌ ယခုရက်သတ္တပတ်အစောပိုင်းမှ စတင်ကာ ရေကြီးရေလျှံမှုများ ဆက်တိုက် ဖြစ်ပွားလျက်ရှိရာ အာဏာပိုင်များက နိုဝင်ဘာ ၁၆ ရက်တွင် အရေးပေါ်အခြေအနေကြေညာလိုက်ကြောင်း သိရသည်။(Xinhua)
ဂျလာလာဘတ်၊ အာဖဂန်နစ္စတန်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းတွင် အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ်များ အပါအဝင် အိုင်အက်စ်အဖွဲ့ဝင်နှင့် သစ္စာခံ ၂၄၁ ဦးသည် အစိုးရထံ လက်နက်ချခဲ့ကြောင်း နိုဝင်ဘာ ၁၆ ရက်၌ စစ်တပ်က ထုတ်ပြန်သည့် ကြေညာချက်အရ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း၏ စတုတ္တအကြိမ်ညီလာခံကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်၊ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ရှိ Fortune Plaza ၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က တက်ရောက်အမှာစကား ပြောကြားခဲ့သည်။
ပေကျင်း၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်သော China Mobile က လက်ရှိအချိန်ထိ အသုံးပြုနေသော 5G အခြေစိုက်စခန်း ၅၀,၀၀၀ နီးပါးရှိလာပြီဖြစ်ကြောင်း ကုမ္ပဏီ ဥက္ကဋ္ဌ ယန်ကျဲ့က ပြောကြားလိုက်သည်။
ရန်ကုန် ၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) “ ကျွန်ုပ် သည် ကြယ်တစ်ပွင့် ဖြစ်သည် ” ဟူသော ခေါင်းစဉ် ဖြင့် ကျင်းပ ပြုလုပ်သည့် ၂၀၁၉ ခုနှစ် ရန်ကုန် တိုင်းဒေသကြီး တရုတ် သီချင်း ဆို ပြိုင်ပွဲ ၏...
ရန်ကုန်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံနှင့် ပြည်ပနိုင်ငံများအကြား တရားမဝင်ငွေလွှဲလုပ်ငန်းများ လျော့နည်းပြီး တရားဝင်ငွေလွှဲလုပ်ငန်းများ ပေါ်ပေါက်ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၂၊ ပုဒ်မခွဲ (က)နှင့် ပုဒ်မ ၄၉၊ ပုဒ်မခွဲ (က) တို့အရ ပြည်ပငွေလွှဲလုပ်ငန်းဆောင်ရွက် ခွင့်ပြုခြင်းဆိုင်ရာစည်းမျဉ်းကို နိုဝင်ဘာလ...
ကိုလံဘို၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံတွင် သမ္မတ ရွေးကောက်ပွဲ စတင်ကျင်းပနေသည့်အတွက် နိုဝင်လာ ၁၆ ရက်၌ မြောက်ပိုင်း မန်နာမြို့တွင် မဲဆန္ဒရှင်များ လိုက်ပါလာသည့် ဘတ်စ်ကားနှစ်စင်းကို အမည်မသိ လူအုပ်စုတစ်စုက ကျောက်ခဲများဖြင့် ပစ်ပေါက်ခြင်း၊ သေနတ်ဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ရန်ကုန်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ) နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ တရားမဝင် သစ်တန် ၇၅၀ ကျော် သိမ်းဆည်းရမိခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။