Connect with us

Social

၂၀၁၉ ခုနှစ် ရန်ကုန် တိုင်းဒေသကြီး တရုတ် သီချင်း ဆိုပြိုင်ပွဲ နောက်ဆုံး အဆင့် ပွဲစဉ် အား တရုတ် ယဉ်ကျေးမှု စင်တာ တွင် ကျင်းပ

၂၀၁၉ ခုနှစ် ရန်ကုန် တိုင်းဒေသကြီး တရုတ် သီချင်း ဆိုပြိုင်ပွဲ နောက်ဆုံး အဆင့် ပွဲစဉ် တွင် စုပေါင်း အမှတ်တရ ဓာတ်ပုံ ရိုက်ကူးစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

“ ကျွန်ုပ် သည် ကြယ်တစ်ပွင့် ဖြစ်သည် ” ဟူသော ခေါင်းစဉ် ဖြင့် ကျင်းပ ပြုလုပ်သည့် ၂၀၁၉ ခုနှစ် ရန်ကုန် တိုင်းဒေသကြီး တရုတ် သီချင်း ဆို ပြိုင်ပွဲ ၏ ဆယ်ကျော်သက် အုပ်စု နှင့် လူငယ် အုပ်စု နောက်ဆုံးအဆင့် ပြိုင်ပွဲ ကို နိုဝင်ဘာ ၁၆ ရက် နံနက်ပိုင်း တွင် ရန်ကုန်မြို့ တရုတ် ယဉ်ကျေးမှု စင်တာ ၌ ကျင်းပ ပြုလုပ် ခဲ့ပြီး ပြိုင်ပွဲဝင် အသီးသီး တို့ အနက် ဆုရရှိသူများ အား အမှတ်ပေး ဆုံးဖြတ် ရွေးချယ်ခဲ့ကြောင်း သိရသည်။

ဆယ်ကျော်သက် အုပ်စု တွင် ရမှတ် ၉၆ မှတ် ဖြင့် ပထမ ဆု ရရှိခဲ့သည့် မမျိုးနန္ဒာဝင်း က မိမိ အနေဖြင့် တရုတ် ဘာသာစကား အား MIEC တွင် သင်ကြားခဲ့ခြင်း ဖြစ်ပြီး  ရန်ကင်း မြို့နယ် မှ လာရောက် ယှဉ်ပြိုင်ခြင်း ဖြစ်ကြောင်း ၊ ယခု ပြိုင်ပွဲ တွင် အလွန်စိတ်လှုပ်ရှားစွာ ပါဝင် ယှဉ်ပြိုင် ခဲ့ပြီး ပထမ ဆု ရရှိခဲ့သည့် အတွက် လွန်စွာ ပျော်ရွှင်မိကြောင်း ၊ မိမိ အနေဖြင့် ငယ်စဉ်ချိန် မှ စတင် ၍ တရုတ်သီချင်း နှင့် အင်္ဂလိပ် သီချင်း သီဆိုခြင်း အား အလွန် နှစ်သက် ခဲ့ပြီး ဂီတတူရိယာ တီးခတ်မှု ကိုလည်း နှစ်သက် ခဲ့ကြောင်း ၊ အနာဂတ် တွင် အဆို နှင့် အတီး ပေါင်းစပ် ဖျော်ဖြေနိုင်သည့် အဆိုရှင် တစ်ဦး ဖြစ်ရန် ရည်မှန်းထားကြောင်း ဆင်ဟွာ သတင်းဌာန သို့ ပြောကြား ခဲ့သည်။

၂၀၁၉ ခုနှစ် ရန်ကုန် တိုင်းဒေသကြီး တရုတ် သီချင်း ဆိုပြိုင်ပွဲ နောက်ဆုံး အဆင့် ပွဲစဉ် ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

လူငယ် အုပ်စု တွင် ရမှတ် ၉၄.၆၆ မှတ် ဖြင့် ပထမ ဆု ရရှိခဲ့သည့် မဆုရည်ဖြိုး က ဆင်ဟွာ သတင်းဌာန ၏ မေးမြန်းမှု အား ဖြေကြား ခဲ့ရာ တွင် မိမိ အနေဖြင့် အရှေ့တိုင်း ဘာသာစကား နှင့် စီးပွားရေး စင်တာ (ELBC) တွင် တရုတ်ဘာသာစကား အား လေ့လာသင်ယူ ခဲ့ခြင်း ဖြစ်ပြီး လသာ မြို့နယ် မှ လာရောက်ယှဉ်ပြိုင်ခြင်း ဖြစ်ကြောင်း ၊ အခြား တရုတ် သီချင်းဆို ပြိုင်ပွဲများ တွင်လည်း သွားရောက်ပါဝင်ယှဉ်ပြိုင် ခဲ့ပြီး ဆုများလည်း အသီးသီး ရရှိခဲ့ကြောင်း ၊ ယခု အကြိမ်ပြိုင်ပွဲ တွင် ထင်မှတ်မထားဘဲ ပထမ ဆု ရရှိခဲ့သည့် အတွက် လွန်စွာ ပျော်ရွှင်မိကြောင်း ၊ ယခုလို ဆုရရှိခဲ့သည့် အတွက် လေ့ကျင့်သင်ကြားပေး ခဲ့သော ဆရာ/ဆရာမ ၊ မိဘ နှင့် အားပေးခဲ့ကြသူ သူငယ်ချင်း မိတ်ဆွေများ အားလုံ ကို ကျေးဇူးတင်ကြောင်း ပြောကြား ခဲ့သည်။

၂၀၁၉ ခုနှစ် ရန်ကုန် တိုင်းဒေသကြီး တရုတ် သီချင်း ဆိုပြိုင်ပွဲ နောက်ဆုံး အဆင့် ပွဲစဉ် ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

 လူငယ် အုပ်စု တွင် ပထမ ဆု ရရှိခဲ့သည့် မဆုရည်ဖြိုး က ဆင်ဟွာ သတင်းဌာန ၏ မေးမြန်းမှု အား ဖြေကြားနေစဉ်(ဆင်ဟွာ)

ဆယ်ကျော်သက် အုပ်စု တွင် ပထမ ဆု ရရှိခဲ့သည့် မမျိုးနန္ဒာဝင်း က ဆင်ဟွာ သတင်းဌာန ၏ မေးမြန်းမှု အား ဖြေကြားနေစဉ်(ဆင်ဟွာ)

၂၀၁၉ ခုနှစ် ရန်ကုန် တိုင်းဒေသကြီး တရုတ် သီချင်း ဆိုပြိုင်ပွဲ နောက်ဆုံး အဆင့် ပွဲစဉ် ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

၂၀၁၉ ခုနှစ် ရန်ကုန် တိုင်းဒေသကြီး တရုတ် သီချင်း ဆိုပြိုင်ပွဲ နောက်ဆုံး အဆင့် ပွဲစဉ် ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

၂၀၁၉ ခုနှစ် ရန်ကုန် တိုင်းဒေသကြီး တရုတ် သီချင်း ဆိုပြိုင်ပွဲ နောက်ဆုံး အဆင့် ပွဲစဉ် ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

၂၀၁၉ ခုနှစ် ရန်ကုန် တိုင်းဒေသကြီး တရုတ် သီချင်း ဆိုပြိုင်ပွဲ နောက်ဆုံး အဆင့် ပွဲစဉ် ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

၂၀၁၉ ခုနှစ် ရန်ကုန် တိုင်းဒေသကြီး တရုတ် သီချင်း ဆိုပြိုင်ပွဲ နောက်ဆုံး အဆင့် ပွဲစဉ် ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

ရန်ကုန် တိုင်းဒေသကြီး တရုတ် သီချင်း ဆိုပြိုင်ပွဲ သည် လတ်တလော နှစ်ပိုင်း အတွင်း နှစ်စဉ် ကျင်းပ ပြုလုပ်လေ့ ရှိသည့် ပြိုင်ပွဲ တစ်ခု ဖြစ်ကြောင်း ၊ ပြိုင်ပွဲ တွင် ပြိုင်ပွဲဝင် များ ၏ သီးချင်း ရွေးချယ်မှု ၊ အသံထွက် ပီသချောမွေ့မှု ၊ သံစဉ်ကိုက်ညီမှု ၊ တင်ဆက်မှု နှင့် အဆိုရှင် ၏ သီးချင်း အပေါ် နားလည်မှု တို့အား အခြေခံ၍ အမှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း ၊ ယခုနှစ် ပြိုင်ပွဲ အား တရုတ် နိုင်ငံ ကွန်ဖြူးရှပ် စာသင်ကျောင်း ဌာနချုပ် နှင့် မြန်မာ နိုင်ငံဆိိုင်ရာ တရုတ် နိုင်ငံ သံရုံး တို့မှ ဦးစီး ကျင်းပ ပြုလုပ်ပေး ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.