Connect with us

Europe

အကြမ်းဖက်ဆန္ဒပြသူ တစ်ရာကျော်အား ပါရီရဲတပ်ဖွဲ့ ဖမ်းဆီးထိန်းသိမ်း

ပြင်သစ်နိုင်ငံ ပါရီမြို့ Place d'Italie ရင်ပြင်၏ နိုဝင်ဘာ ၁၆ ရက် မြင်ကွင်းများအား တွေ့ရစဉ်(ဆင်ဟွာ)

ပါရီ၊နိုဝင်ဘာ ၁၇ရက်(ဆင်ဟွာ)

ပြင်သစ်နိုင်ငံအတွင်းရှိ ပါရီ ၊ နမ့်းနှင့် လိုင်ယွန်စသည့် မြို့များတွင် နိုဝင်ဘာ ၁၆ ရက်က အဝါရောင်ရောင်ပြန်အင်္ကျီဝတ်ဆန္ဒပြ လှုပ်ရှားသူများနှင့် ရဲတပ်ဖွဲ့အကြား ထိပ်တိုက်ရင်ဆိုင်မှုများ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ရာ ပါရီ ရဲတပ်ဖွဲ့က အကြမ်းဖက် ဆန္ဒပြသူ ၁၄၇ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။

ဆန္ဒပြဖျက်ဆီးသူအချို့က ပါရီမြို့ရှိ Place d’Italie ရင်ပြင် Shopping Mallများတွင် ဆိုင်ခန်း၊ဘဏ်၊ဟိုတယ်နှင့် အများသုံးအဆောင်ပစ္စည်းများကို ဖျက်ဆီးမှုကြောင့်  ရဲတပ်ဖွဲ့က လူစုခွဲရန် လုပ်ဆောင်ရာတွင် ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားခဲ့ကြောင်း Le Figaro သတင်းတွင် ဖော်ပြထားသည်။  Place d’Italie ရင်ပြင်၏အကြမ်းဖက် လှုပ်ရှားမှုများ အရှိန်မြှင့်တက်နေသောကြောင့် အချင်းဖြစ်ပွားသည့် ညနေတွင်ပင် ပါရီရဲတပ်ဖွဲ့က Place d’Italie ရင်ပြင်သို့ ခရီးသွားဝင်ရောက်ခွင့်ကို ပိတ်ပင်ခဲ့ကြောင်း သိရသည်။

အချင်းဖြစ်ပွားမှုကြောင့် ပါရီမြို့လယ်ခေါင်ရှိ မြေအောက်ရထားဘူတာအများစုကို ခေတ္တပိတ်ထားရကြောင်း သိရသည်။ ဆန္ဒပြသူအချို့က ပါရီမြို့ပတ်ယာဉ်ကြောလမ်းသို့ ဝင်ရောက်လာမှုကြောင့် ယာဉ်ကြောများ ပိတ်ဆို့ခဲ့ကြောင်း သိရသည်။

ပြင်သစ် အဝါရောင် ရောင်ပြန်အင်္ကျီဝတ်လှုပ်ရှားမှု(Yellow Vest)သည် လောင်စာဆီခွန်တိုးမြှင့်မှုကြောင့် အစိုးရကို ဆန့်ကျင်ဆန္ဒပြခြင်းမှ အစပြုခဲ့ရာ ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၇ ရက်တွင် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အပတ်စဉ် စနေနေ့တိုင်း လုပ်ဆောင်သည့် အဆိုပါဆန္ဒပြလှုပ်ရှားမှုများတွင် အကြမ်းဖက်ဖျက်ဆီးမှုများကြောင့် ရဲတပ်ဖွဲ့နှင့်ဆန္ဒပြသူများအကြား အကြိမ်ပေါင်းများစွာ ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။

ပြင်သစ်အစိုးရ၏ တုန့်ပြန်ဆောင်ရွက်မှုများကြောင့် Yellow Vest လှုပ်ရှားမှုအခြေအနေက လျော့နည်းသွားကြောင်း ဒေသခံမီဒီယာများ ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.