Connect with us

Politics, Law & Military

နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ တရားမဝင်သစ်တန် ၇၅၀ ကျော် သိမ်းဆည်းရမိ

တရားမဝင်သစ်များအားဖမ်းဆီးစဉ် (ဓာတ်ပုံ-- ကြေးမုံ)

ရန်ကုန်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ တရားမဝင် သစ်တန် ၇၅၀ ကျော် သိမ်းဆည်းရမိခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။ 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီး ဌာနက တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ် ဖမ်းဆီးရေးအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ် (Community Monitoring and Reporting System-CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 ထိုသို့ ဆောင်ရွက်ရာတွင် နိုဝင်ဘာ ၅ ရက်မှ ၁၀ ရက်အထိ နေပြည်တော် ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ် သစ်တောဦးစီးဌာနများမှ ပေးပို့ လာသော စာရင်းများအရ တရားမဝင် ကျွန်း ၁၃၃ ဒသမ ၂၀၈၄ တန်၊ သစ်မာ ၁၅၆ ဒသမ ၈၆၁၃ တန်၊ အခြား ၄၆၀ ဒသမ ၀၃၅၀ တန် စုစုပေါင်း ၇၅၀ ဒသမ ၁၀၄၇ တန်၊ ပြစ်မှုကျူးလွန်သူ ၅၇ ဦး၊ ယာဉ်/ယန္တရား ၃၉ စီး သိမ်းဆည်းရမိခဲ့ ကြောင်း ကြေးမုံသတင်းစာတွင်ပါရှိသည်။  (Xinhua)