Connect with us

Local

MIC က ပြည်တွင်းလုပ်သားများ အတွက် အလုပ်အကိုင်အခွင့်အလမ်း ၁,၇၀၀ ကျော် ဖန်တီးပေးနိုင်မည့် လုပ်ငန်း ရှစ်ခု ခွင့်ပြု

တည်ဆောက်ရေး လုပ်ငန်းခွင် တစ်ခုမှ အလုပ်သမားများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၁၇ ရက်(ဆင်ဟွာ)

ပြည်တွင်းလုပ်သားများ အတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁,၇၃၉ နေရာကို ဖန်တီးပေးနိုင်မည့် လုပ်ငန်း ရှစ်ခုကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)၏ နိုဝင်ဘာ ၁၆ ရက်တွင် ပြုလုပ်သော (၁၈/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးတွင် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် ကုန်ထုတ်လုပ်မှုကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ အခြားဝန်ဆောင်မှု ကဏ္ဍနှင့် အိမ်ယာ အဆောက်အဦ ကဏ္ဍတို့မှ လုပ်ငန်း ရှစ်ခု ခွင့်ပြုခဲ့ပြီး ယင်းလုပ်ငန်းများ ၏ ရင်နှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ(၁၆၅ ဒသမ ၈၅၃) သန်းနှင့် မြန်မာငွေကျပ် (၉၉,၅၄၃ ဒသမ ၃၅၈) သန်းရှိကြောင်း သိရသည်။

၁၉၈၈ ခုနှစ်မှ ၂၀၁၉ ခုနှစ် အောက်တိုဘာလကုန်အထိ နိုင်ငံပေါင်း (၅၀) တို့မှ စီးပွားရေးကဏ္ဍ (၁၂)ခု တွင် ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းပေါင်း (၁,၈၄၆) ခု ရင်းနှီး မြှုပ်နှံလျက်ရှိရာ စုစုပေါင်း အမေရိကန်ဒေါ်လာသန်းပေါင်း (၈၂,၁၆၆ ဒသမ ၃၉၃) ဖြင့် ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုမိန့်များ ထုတ်ပေးခဲ့ကြောင်း သိရသည်။

နိုင်ငံပေါင်း(၅၀)မှ စီးပွားရေးကဏ္ဍ(၁၂)ခုတွင် အများဆုံးရင်းနှီးမြှုပ်နှံ ထားရှိမှုမှာ ရေနံနှင့် သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံ မှု၏ (၂၇ ဒသမ ၂၉ ရာခိုင်နှုန်း)ဖြင့် လည်းကောင်း၊ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၂၅ ဒသမ ၇၇ ရာခိုင်နှုန်း)ဖြင့် လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏(၁၄ ဒသမ ၀၄ ရာခိုင်နှုန်း) ဖြင့် လည်းကောင်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.