ကိဗ်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ အလယ်ပိုင်း ၌ အောက်တိုဘာ ၁၆ရက်က လေ့ကျင့်ပျံသန်းမှု တစ်ခုအတွင်း Su-27 တိုက်ဂျက်လေယာဉ် တစ်စီး ပျက်ကျခဲ့ရာ လေယာဉ်မှူး ၂ဦး သေဆုံးခဲ့ကြောင်း ယူကရိန်းစစ်တပ် ဦးစီးချုပ် က ဖေ့ဘွတ်စာမျက်နှာ တွင် ရေးသားခဲ့သည်။
ရီယာ့ဒ်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) ယီမင်တွင်ဖြစ်ပွားနေသော စစ်ပွဲတစ်ခုတွင် ပါဝင်သည့် ဆော်ဒီဦးဆောင်သော ညွှန့်ပေါင်းတပ်ဖွဲ့ သည် ယီမင်နိုင်ငံ၏ ပိုင်နက်နယ်မြေ အတွင်းမှ လမ်းမိုင်း ၂,၀၂၀ ကျော်ကို ဖယ်ရှားပေးခဲ့သည်ဟု အောက်တိုဘာ ၁၆ရက်က ကြေညာခဲ့ကြောင်း Al AKhbariya ပြည်တွင်းရုပ်သံလိုင်းက ဖော်ပြခဲ့သည်။
ဘရပ်ဆဲလ်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် အောက်တိုဘာ ၁၆ ရက်တွင် အလုပ်သဘောခရီးစဉ်အဖြစ် ဘယ်လ်ဂျီယံနိုင်ငံသို့ ရောက်ရှိလာပြီး ၁၂ကြိမ်မြောက် အာရှ-ဥရောပ တွေ့ဆုံမှု (ASEM) ထိပ်သီးညီလာခံအား တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။
နေပြည်တော်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) နိုင်ငံတော်အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များမှ ခေါင်းဆောင်များ၏ သီးသန့်အစည်းအဝေး၌သဘောတူညီချက် (၇) ချက်ရရှိခဲ့ကြောင်းအစည်းအဝေးအပြီးသတင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
မနီလာ၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ မီးတောင် နှင့် ငလျင်ဌာန (Phivolcs) က ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း Zamboanga del Norte ပြည်နယ် တွင် အောက်တိုဘာ ၁၆ ရက်က အင်အား ၅.ဝပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၆ရက် (ဆင်ဟွာ) ဘာရိန်းနိုင်ငံတွင် ခြေစမ်းကြမည့် ဘာရိန်းနှင့်မြန်မာ ဘောလုံးချစ်ကြည်ရေးခြေစမ်းပွဲအား ယနေ့အောက်တိုဘာ ၁၆ ရက်နေ့ မြန်မာစံတော်ချိန် ည၁၀း၄၅နာရီ၌ဘာရိန်း အမျိုးသား အားကစားကွင်းတွင် ကျင်းပသွားမည်ဖြစ်ရာ ခြေစမ်းပွဲအား မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) က တိုက်ရိုက် ထုတ်လွှင့်ပြသမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။
ရီယတ်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံတွင် Hawk အမျိုးအစား လေတပ်ဂျက်လေယာဉ်တစ်စင်းပျက်ကျခဲ့ရာ လေယာဉ်ဝန်ထမ်းများအားလုံး သေဆုံးသွားခဲ့ကြောင်း အောက်တိုဘာလ ၁၆ ရက်တွင် ကြေညာလိုက်သည်။
ရီယာ့ဒ်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo သည် ဆော်ဒီသတင်းထောက်ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ဆော်ဒီအာဏာပိုင်များ နှင့် ဆွေးနွေးပြောဆိုရန် ဆော်ဒီအာရေဗျနိုင်ငံသို့ အောက်တိုဘာ ၁၆ ရက်တွင် တရားဝင်ခရီးစဉ်ရောက်ရှိလာခဲ့ကြောင်း Al Arabiya ပြည်တွင်းသတင်းက ဖော်ပြခဲ့သည်။
မက္ကဆီကိုစီးတီး၊ အောက်တိုဘာ ၁၆ ရက်(ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ အရှေ့ပိုင်း Veracruz ပြည်နယ်တွင် အောက်တိုဘာ ၁၅ ရက်က ယာဉ်မတော်တဆမှု တစ်ခုဖြစ်ပွားခဲ့ရာ လူ ၈ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဟိတ်၊ အောက်တိုဘာ ၁၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ်လီခဲ့ချန်သည် နယ်သာလန်နိုင်ငံ ဘုရင် ဝီလီယံ-အလက်ဇန္ဒား (Willem-Alexander) နှင့် ဟိတ်မြို့ (Hague) နန်းတော်တွင် အောက်တိုဘာလ ၁၅ ရက်နေ့ ညပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။