Connect with us

Social

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဧရိယာအတွင်းရှိ သိမ်းဆည်း လယ်မြေများအားမြေယာလျော်ကြေးများပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးကျင်းပစဉ် (ဓာတ်ပုံ-- YRG)

ရန်ကုန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ) 

ရန်ကုန်တိုင်းဒေသကြီးတန်ဖိုးစိစစ်ရေးအဖွဲ့မှ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ဧရိယာအတွင်းရှိ သိမ်းဆည်း လယ်မြေတစ်ဧက ကျပ်သိန်း(၁၀၀)နှုန်းနှင့် ရန်ကုန်မြို့တော်ပြင်ပရှိ မြို့နယ်များတွင် လျော်ကြေးငွေနှုန်းထားမှာ ကျပ်(၁၅)သိန်းမှ သိန်း(၁၀၀)အထိ၊ လမ်းမကြီးဘေးမြို့နယ်အတွင်း ကျေးရွာအတွင်းကျရောက်သည့် နေရာဒေသအလိုက် ခွဲခြားသတ်မှတ်၍ မြေယာလျော်ကြေး ပေးလျှက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်စွမ်းအင်ဝန်ကြီး ဦးဟံထွန်းက ပြောသည်။

အောက်တိုဘာလ ၄ ရက်၊  နံနက်(၁၀)နာရီတွင် ကျင်းပသော လွှတ်တော်အစည်းအဝေး၌ ဒဂုံမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ၏ တိုင်းဒေသကြီးလယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် မူလပိုင်ရှင် လယ်သမားများနှင့် အခြားမြေများအပေါ် မူလပိုင်ရှင်များအား ပြန်လည်ပေးအပ်နိုင်ခဲ့သည့် မြေယာလျော်ကြေး ငွေစုစုပေါင်းနှင့် လူအရေအတွက်အား သိရှိလိုပါကြောင်းနှင့် တိုင်းဒေသကြီးလယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ပြန်လည်ပေးအပ်ခဲ့သည့် လယ်မြေအပေါ် လျော်ကြေးငွေနှုန်းထားနှင့် အခြားမြေအပေါ် ပေးလျော်ခဲ့သည့် လျော်ကြေးငွေနှုန်းထားများ အားတိကျစွာ သိရှိလိုပါကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဝန်ကြီးဦးဟံထွန်းက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ရန်ကုန်တိုင်းဒေသကြီးအတွင်း သိမ်းဆည်းမြေနှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး တန်ဖိုးစိစစ်ရေးအဖွဲ့၏ အစည်းအဝေးအမှတ်စဉ် (၂/၂၀၁၇)အရ လျော်ကြေးငွေအား ရန်ကုန်မြို့တော်စည်ပင်သာယာရေးဧရိယာ အတွင်းရှိ သိမ်းဆည်းလယ်မြေတစ်ဧက ကျပ်သိန်း(၁၀၀)နှုန်းနှင့် ရန်ကုန်မြို့တော်ပြင်ပရှိ မြို့နယ်များတွင် လျော်ကြေးငွေနှုန်းထားမှာ ကျပ်(၁၅)သိန်းမှ သိန်း(၁၀၀)အထိ၊ လမ်းမကြီးဘေးမြို့နယ်အတွင်း ကျေးရွာအတွင်းကျရောက်သည့် နေရာဒေသအလိုက် ခွဲခြားသတ်မှတ်ထားရှိပါတယ်။ သိမ်းဆည်းခံ မြေယာမှုများနှင့် စပ်လျဉ်း၍ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ၏ မူဝါဒ(၅၂)ချက်နှင့်အညီ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များ၊ တည်ဆဲမြေယာဥပဒေများနှင့် အညီ စိစစ်ဆုံးဖြတ်၍ ဗဟိုကော်မတီ၏ အတည်ပြုချက်ဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိပါတယ်။”ဟု စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်စွမ်းအင်ဝန်ကြီးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း လက်ရှိအစိုးရစတင်တာဝန်ယူသည့်အချိန်တွင် မြေအသုံးချမှုစီမံခန့်ခွဲရေး ကော်မတီ၏ အစီရင်ခံစာအပိုင်းအလိုက် ဆောင်ရွက်ရန် လက်ကျန်အမှုတွဲ (၂,၂၀၉)မှု၊ ယခု လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီလက်ထက် တိုင်ကြားစာအမှုတွဲ(၂,၂၃၀)မှု နှင့် တိုင်းဒေသကြီးအတွင်း တိုင်ကြားစာ(၃,၅၉၄)မှု၊ စုစုပေါင်း(၈,၀၃၃)မှုအား စိစစ်ဆောင်ရွက်နိုင်ပြီး အဆိုပါအမှုများအနက် အစီရင်ခံစာအပိုင်း(၅၃၅)မှု၊ ဗဟိုအမှု(၄၇၈)မှု၊ တိုင်းတွင်းအမှု(၃၁၉)မှု၊ စုစုပေါင်း (၁,၃၃၂)မှု၊ ဧရိယာ(၂၇,၅၆၀.၆၅)ဧကအား သက်ဆိုင်ရာဝန်ကြီးဌာနအဖွဲ့အစည်း(၂၀)မှ မြေယာလျော်ကြေးငွေ ကျပ်(၂၁၅)ဘီလီယံသန်း ပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း၊ (၂၈.၉.၂၀၁၉)ရက်နေ့တွင် ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ် ရန်ပုံငွေမှ (၇)ဘီလီယံ မြေယာလျော်ကြေးငွေအား ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နှင့် မြောက်ဥက္ကပမြို့နယ် စုစုပေါင်း(၅)မြို့နယ်မှ သိမ်းဆည်းမြေအမှုတွဲ(၄၄)မှု၊ တောင်သူ(၄၉)ဦး၊ ဧရိယာ(၆၉၆.၀၈)ဧကအား တစ်ဧကကျပ်သိန်း(၁၀၀)နှုန်းဖြင့် စုစုပေါင်းမြေယာလျော်ကြေး ကျပ်(၆၉,၆၀၈)သိန်း ပေးအပ်နိုင်ခဲ့ပြီး မြေယာလျော်ကြေး ပေးအပ်မည့် အမှုတွဲပေါင်း(၁,၃၃၂)မှု၊ ဧရိယာ(၂၇,၅၆၀.၉၅)ဧကအား လျော်ကြေးပေးအပ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.