Connect with us

Politics, Law & Military

စစ်ကိုင်းတိုင်းဒေသကြီးတွင် ကျပ် သိန်းပေါင်း ၂၅,၀၀၀ကျော် တန်ဖိုးရှိစိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသော စိတ်ကြွရူးသွပ်ဆေးပြားများ အားတွေ့ရစဉ်(CCDAC)

ရန်ကုန်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီးတွင် အောက်တိုဘာ ၃ ရက်က ကျပ် သိန်းပေါင်း ၂၅,၀၀၀ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရသိရသည်။

တမူးမြို့၊ မြို့မရပ်ကွက် တမူး-နန့်ဖာလုံကားလမ်း၌ တမူးမြို့မှ အိန္ဒိယနိုင်ငံ မိုးရေးမြို့သို့ မောင်းနှင်လာသော မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်တူးဘောက်အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ် များဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၈၇,၇၅၀ ပြားအား သိမ်းဆည်းရမိခဲ့ပြီး  ၎င်း၏ နေအိမ်သို့ဆက်လက်ဝင်ရောက်ရှာဖွေရာ အိပ်ခန်းခုတင်အောက်ရှိ ပီနံအိတ်အတွင်းမှ စက္ကူဖြင့်ထုပ်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၁၉၉၂၅၀ ပြား၊ စုစုပေါင်းစိတ်ကြွရူးသွပ်ဆေးပြား ၁,၂၈၇,ဝဝဝ ပြား (ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၂၅,၇၄ဝ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသော စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ပတ်သတ်ပြီး တမူးမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေဖြင့်အမှုဖွင့်အရေးယူပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေး လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.