မနီလာ၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းတွင် စက်တင်ဘာလ ၁၈ ရက် မွန်းလွဲပိုင်းက အင်အား ၅.၄ ရှိသော ငလျင်တစ်ခု လှုပ်ရှားသွားကြောင်း ဖိလစ်ပိုင် မီးတောင်နှင့် ငလျင်ပညာရှင်အဖွဲ့ (Phivolcs) က ပြောကြားခဲ့သည်။
နယူးဒေလီ၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်ရှိ နေရာများစွာ၌ လွန်ခဲ့သည့် ၂၄ နာရီအတွင်း မိုးကြိုးထိမှန်သဖြင့် ကလေးငယ်အချို့အပါအဝင် လူ ၁၇ ဦး သေဆုံးခဲ့ကြောင်း မီဒီယာသတင်းများ၌ စက်တင်ဘာလ ၁၈ ရက်တွင် ဖော်ပြထားသည်။
ရန်ကုန်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ မူဆယ်မြို့တွင် ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၆၉၃ဝ သိန်း တန်ဖိုးရှိ ဘိန်းဖြူများ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးထိန်းချုပ်ရေးဗဟိုကော်မတီ က ယနေ့သတင်းထုတ်ပြန်သည်။
တီဟီရန် ၊ စက်တင်ဘာ ၁၈ ရက် ၊ အီရန်အာဏာပိုင်များက စက်တင်ဘာ ၁၇ ရက် ၌ သံသယဖြစ်ဖွယ် သြစတြေးလျလူမျိုး သူလျှို ၃ ဦး အား ဖမ်း ဆီးခဲ့ကြောင်း ၊ အီရန်တရားစီရင်ရေးရုံး က အတည်ပြုခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ) အနောက်တောင်မုတ်သုံလေသည် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၁ – ၂၄)ရက်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှလည်းကောင်း၊ စက်တင်ဘာ လ (၂၅ – ၃၀)ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသများမှလည်းကောင်း ဆုတ်ခွာသွားဖွယ်ရာရှိကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
အဘူဂျာ၊ စက်တင်ဘာ ၁၈ ရက်(ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ အလယ်ပိုင်း Nassarawa ပြည်နယ်တွင် စက်တင်ဘာ ၁၅ ရက်က ဆိုးဝါးသည့် ယာဉ်မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၁၈ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ဂျီးရီးယား နိုင်ငံ ကုန်းလမ်းစီမံခန့်ခွဲမှုဌာနက စက်တင်ဘာ ၁၇ ရက်တွင်...
ရန်ကုန်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၏ ပထမဆုံးအကြိမ် ရုပ်ပြ ပွဲတော်ကြီး ကို စက်တင်ဘာ ၂၀ ရက် မှ ၂၂ ရက်အထိ Yangon Book Plaza ၌ ကျင်းပမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
နေပြည်တော်၊ စက်တင်ဘာ ၁၈ ရက်(ဆင်ဟွာ) ရာသီဥတု ပြောင်းလဲခြင်း၊ သဘာဝဘေးအန္တရာယ်ကျရောက်ခြင်းတို့ကို လျှော့ချနိုင်သော ရေဝပ်ဒေသ ေ၈ဟစနစ်ရေရှည်တည်တံ့စေရန် သက်ဆိုင်ရာ ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ဟန်ချက်ညီညီ ဆောင်ရွက်လျက်ရှိသည်ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေက ယနေ့...
နယူးယောက်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်၊ ဝက်စ်ချက်စ်တာနယ်မြေ၊ နယူးရော့ရှဲလ်မြို့ရှိ ထရမ့်ပလာဇာ၏ ဧည့်ခန်းအား ကားတစ်စီး ဝင်တိုက်မိခဲ့ကြောင်း၊ လူများစွာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံမီဒီယာက စက်တင်ဘာလ ၁၈ ရက်တွင် သတင်းဖော်ပြခဲ့သည်။
မော်စကို ၊ စက်တင်ဘာ ၁၈ ရက်(ဆင်ဟွာ) ရုရှား မဟာဗျူဟာမြောက် Tu-160 ဗုံးကြဲလေယာဉ် နှစ်စင်းသည် ဘောလ်တစ် ပင်လယ် အပေါ်တွင် စက်တင်ဘာ ၁၇ ရက်တွင် ခုနှစ်နာရီအကြာ ပျံသန်းမှု တစ်ခုအား ပြုလုပ်ခဲ့ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးက ပြောကြားခဲ့သည်။