Connect with us

North America

နယူးယောက်ရှိ ထရမ့်ပလာဇာ ဧည့်ခန်းအား ကားဝင်တိုက်

ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့် ထရမ့်ပလာဇာ ဝင်ပေါက်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးယောက်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်၊ ဝက်စ်ချက်စ်တာနယ်မြေ၊ နယူးရော့ရှဲလ်မြို့ရှိ ထရမ့်ပလာဇာ၏ ဧည့်ခန်းအား ကားတစ်စီး ဝင်တိုက်မိခဲ့ကြောင်း၊ လူများစွာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံမီဒီယာက စက်တင်ဘာလ ၁၈ ရက်တွင် သတင်းဖော်ပြခဲ့သည်။

စက်တင်ဘာလ ၁၇ ရက် ညပိုင်းက အနက်ရောင် မာစီဒီး-ဘန့်ဇ်ကားတစ်စီးက အရှိန်မထိန်းနိုင်ဘဲ အထပ် ၄၀ ရှိသော ဇိမ်ခံလူနေအဆောက်အအုံ၏ ဧည့်ခန်းအား ဝင်တိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယာဉ်တိုက်မှုကြောင့် လမ်းသွားလမ်းလာ ၂ ဦး ဒဏ်ရာရရှိခဲ့သလို အဆောက်အအုံဧည့်ခန်းရှိ အခြားလူ ၂ ဦးလည်း အသက်အန္တရာယ် စိုးရိမ်ဖွယ်မရှိသော ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့်ယာဉ်အား အဆောက်အအုံဧည့်ခန်းအတွင်းမှ ဖယ်ရှားခဲ့ပြီး တာဝါ၏ ဝင်ပေါက်လည်း ပျက်စီးသွားခဲ့ကြောင်း သတင်းများက ဖော်ပြထားသည်။

ယာဉ်တိုက်မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း သိရသည်။ (Xinhua)