Connect with us

Politics, Law & Military

ရေဝပ်ဒေသ ဂေဟစနစ် ရေရှည်တည်တံ့ရန် ဟန်ချက်ညီညီ ဆောင်ရွက်လျက်ရှိ

ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၁)အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့် မေးမြန်းနေစဉ်။

နေပြည်တော်၊ စက်တင်ဘာ ၁၈ ရက်(ဆင်ဟွာ)

ရာသီဥတု ပြောင်းလဲခြင်း၊ သဘာဝဘေးအန္တရာယ်ကျရောက်ခြင်းတို့ကို လျှော့ချနိုင်သော ရေဝပ်ဒေသ ေ၈ဟစနစ်ရေရှည်တည်တံ့စေရန် သက်ဆိုင်ရာ ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ဟန်ချက်ညီညီ ဆောင်ရွက်လျက်ရှိသည်ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေက ယနေ့ အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဖြေကြားခဲ့သည်။

“သစ်တောဦးစီးဌာနအနေနဲ့ ဇီဝမျိုးစုံ မျိုးကွဲများ ထိန်းသိမ်း ကာကွယ်ဖို့ သဘာ၀ ထိန်းသိမ်းရေး နယ်မြေတွေ သတ်မှတ်ပြီး ဆောင်ရွက်ရာမှာ မိန်းမလှကျွန်း၊ မိုးယွန်းကြီးအင်း၊ အင်းလေးကန်၊ အင်းတော်ကြီးကန် စတဲ့ ရေဝပ်ဒေသ လေးနေရာလည်းပါဝင်ပါတယ်” ဟု ဒုတိယ ဝန်ကြီးက ပြောခဲ့သည်။

ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၁)အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်၏ အမေးကို ဖြေကြားရာတွင် ၎င်းက ပြောခဲ့ခြင်း ဖြစ်ပြီး ရေဝပ်ဒေသများ ထိန်းသိမ်းကာကွယ်ရာတွင် နယ်မြေ ကင်းလှည့် စစ်ဆေးခြင်း၊ နယ်နိမိတ် တိုင်းတာ စစ်ဆေးခြင်းနှင့် အမှတ်အသားများ စိုက်ထူ ခြင်း၊ တိုးချဲ့ပညာပေးရေး လုပ်ငန်း၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊မျိုးစိတ်များအား လေ့လာ ဖော်ထုတ်ခြင်း၊ လူ့စွမ်းအား အရင်းအမြစ် ဖွ ံ့ဖြိုးတိုးတက်ရေး သင်ကြားလေ့ကျင့်ပေးခြင်း၊ သဘာ၀ အခြေခံ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ပေါင်းစပ် ဆောင်ရွက်ခြင်းတို့ကို ဆက်စပ် ဌာနများ၊ မြို့နယ် သဘာ၀ ထိန်းသိမ်းရေးနယ်မြေ အုပ်ချုပ်မှု အထောက်အကူပြု ကော်မတီတို့နှင့် ပေါင်းစပ်ညှိနှိုင်းပြီး ဆောင်ရွက်လျက် ရှိကြောင်း၊ ကင်းလှည့် ထိန်းသိမ်းခြင်းအတွက် SMART (Spatial Monitoring and Reporting Tool) နည်းပညာကို အသုံးပြု ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ရဲမြင့်ဆွေ ဖြေကြားနေစဉ်။

ထို့အပြင် မိုးယွန်းကြီးအင်း၌ ထိန်းသိမ်းရေး လုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် မိုးယွန်းကြီး အင်း တောရိုင်း တိရစ္ဆာန် ဘေးမဲ့တော (ရပ်ဆာရေဝပ်ဒေသ) အုပ်ချုပ် လုပ်ကိုင်မှု ငါးနှစ် စီမံချက် (၂၀၁၉ – ၂၀ မှ ၂၀၂၃ – ၂၄ အထိ)အား ရေးဆွဲထားပြီး ဖြစ်ကြောင်း၊ စီမံချက် အကောင်အထည် ဖော်ရန် လိုအပ်သော ရန်ပုံငွေ ရရှိရေး၊ ဝန်တမ်းများ စွမ်းဆောင်ရည် မြှင့်တင်ရေး၊ ဝန်ထမ်း အင်အား လုံလောက်စွာ ရရှိရေးတို့အတွက် အထက်အဆင့်ဆင့် ဌာနများသို့ တင်ပြ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဒေသအလိုက် ကိုက်ညီမည့် စိုက်ပျိုးရေး နည်းစနစ်များအား ကျင့်သုံး ဆောင်ရွက်စေခဲ့ပြီး စိုက်ပျိုးဆိုင်ရာ အလေ့အကျင့််ကောင်းများကို ရေးဆွဲကာ ၂၀၁၇ ဧပြီလတွင် ရှမ်းပြည်နယ် ညောင်ရွှေ မြို့နယ် အင်းလေးကန်၌ စတင် မိတ်ဆက်ပေးခဲ့ကြောင်း၊ ရေချို ငါးမျိုးစိတ်များ၊ ဒေသငါးမျိုးစိတ်များ၊ ဂဏန်းမျိုးစိတ်များကို သက်ဆိုင်ရာ အင်းများ၊ ကန်များနှင့် မွန်ပြည်နယ် မုတ္တမ ပင်လယ်ကွေ့စသည့် ရေဝပ်ဒေသများတွင် နှစ်စဉ် မျိုးစိုက်ပေးလျက်ရှိကြောင်းလည်း ဒုတိယ ဝန်ကြီးက ရှင်းလင်း ဖြေကြားခဲ့သည်။

မိန်းမလှကျွန်း၊ မိုးယွန်းကြီးအင်း၊ အင်းလေးကန်၊ အင်းတော်ကြီးကန်နှင့် မုတ္တမ ပင်လယ်ကွေ့ဟူသည့် ရေဝပ်ဒေသ ငါးခုရှိသော မြန်မာနိုင်ငံသည် အဖွဲ့ဝင်နိုင်ငံ ၁၇၀ ရှိသော ရမ်ဆာ ကွန်ဗင်းရှင်း(Ramsar Convention) အဖွဲ့သို့ ၂၀၀၅ ခုနှစ် မတ်လတွင် ဝင်ရောက်ခဲ့ပြီး အမျိုးသား ရေဝပ်ဒေသ မူဝါဒ နှင့် မဟာဗျူဟာ လုပ်ငန်းများကို၂၀၁၉ ဇန်နဝါရီလတွင် ထုတ်ပြန်ခဲ့ကာ ရေဝပ်ဒေသ ထိန်းသိမ်းရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.