Connect with us

Politics, Law & Military

ရှမ်းပြည်နယ်၊ မူဆယ်မြို့တွင် ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၆၉၃ဝ သိန်း တန်ဖိုးရှိ ဘိန်းဖြူများ သိမ်းဆည်းရမိ

သိမ်းဆည်းရမိသည့် သက်သေခံပစ္စည်းများအားတွေ့ရစဉ် (ဓာတ်ပုံ--CCDAC)

ရန်ကုန်၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်၊ မူဆယ်မြို့တွင် ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၆၉၃ဝ သိန်း တန်ဖိုးရှိ ဘိန်းဖြူများ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးထိန်းချုပ်ရေးဗဟိုကော်မတီ က ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၇ ရက်၁၅း၃၅နာရီအချိန်တွင် လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် မူဆယ်မြို့၊ တော်ရွက်ရပ်ကွက် ဟိုဆောင်စက်လှေဆိပ်၌ မော်တော်ယာဉ် ၁ စီးမှာ လှေဆိပ်သို့ ရောက်ရှိလာပြီး အဆိုပါယာဉ်ပေါ်မှ အမျိုးသား ၃ ဦးက ဖုန်းဖြင့်စက်လှေခေါ်ယူနေသည်ကို တွေ့ရှိသဖြင့် မသင်္ကာ၍ ၎င်းတို့အနီးသို့ သွားရောက်စဉ် အဆိုပါ အမျိုးသား ၃ ဦးမှာ ခရီးဆောင်အိတ် ၁ လုံးအား ပစ်ချပြီး အနီးရှိကိုင်းတောအတွင်းသို့ ဝင်ရောက်ထွက်ပြေးသွားကြောင်း သတင်းအရ မူဆယ်မြို့မရဲစခန်း တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးရာ Nike တံဆိပ်ပါ လက်ဆွဲအိတ်အတွင်းမှ တိပ်/ဖယောင်းစက္ကူတို့ဖြင့် ပတ်ထားသည့် ဘိန်းဖြူဘလောက်တုံး ၄၅ တုံး၊ ယာဉ်နောက်ခန်းရှိ ကျောပိုးအိတ်အတွင်းမှ တိပ်/ဖယောင်းစက္ကူတို့ဖြင့် ပတ်ထားသည့် ဘိန်းဖြူဘလောက်တုံး ၅၄ တုံး၊ စုစုပေါင်း ဘိန်းဖြူဘလောက်တုံး ၉၉ တုံး၊ စုစုပေါင်း ဘိန်းဖြူအလေးချိန် ၃၄.၆၅ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၆၉၃ဝ သိန်း)တို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့သဖြင့် မူဆယ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး တရားခံဖမ်းဆီးရမိရေးစုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.