ရန်ကုန်၊ စက်တင်ဘာ-၇ရက် (ဆင်ဟွာ) အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC)ကိုယ်စားလှယ်များနှင့် ကရင်အမျိုးသားအစည်းအရုံး(KNU)ကိုယ်စားလှယ်များ အလွတ်သဘောဆွေးနွေးပွဲတွင် ရှေ့ဆက်ဆောင်ရွက်မည့် တပ်ပိုင်းဆိုင်ရာကိစ္စများ သဘောတူညီမှုရခဲ့ကြောင်း အလွတ်ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် နှစ်ဖက်ခေါင်းဆောင်များက ပြောကြားသည်။
ရန်ကုန် ၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ) ရန်ကုန် မြို့ ရှိ့ ကလေးငယ် များ အား တရုတ် ရိုးရာ လမုန့် ပွဲတော် ဖြစ်ပေါ်လာပုံ နှင့် လမုန့် ပြုလုပ်နည်း များ အား သင်ကြား မိတ်ဆက် ပေးသည့် အစီအစဉ်...
ကျန့်ကျိုး၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန်ပြည်နယ်တွင် စက်တင်ဘာလ ၆ ရက်ကညက ဆပ်ကပ်ပြပွဲတစ်ခုအတွင်း ကျားပေါက်စတစ်ကောင် လှောင်အိမ်မှ လွတ်ကာ ထွက်ပြေးသွားကြောင်း ဒေသခံအာဏာပိုင်များ ပြောကြားချက်အရ သိရသည်။
ရင်ချွမ်း၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိန်ကျားဟွေ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပြုလုပ်သည့် စတုတ္ထအကြိမ်မြောက် တရုတ်-အာရပ်နိုင်ငံများ ကုန်စည်ပြပွဲ၌ ယွမ် ၁၈၅ ဒသမ ၄၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၆ ဘီလီယံ) တန်ဖိုးရှိသော သဘောတူစာချုပ်များ လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ) စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံ(အင်းစိန်) စက်ရုံမှူး ဒေါက်တာအောင်ဇော်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူလိုက်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။
ဟနွိုင်း၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းတွင် စက်တင်ဘာလ ၇ ရက် နံနက်ပိုင်းက ပါဆယ်ထုပ်တစ်ခု ပေါက်ကွဲမှု ဖြစ်ပွားရာ ဒေသခံလူငယ် ၂ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီအရ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံရှိ မူလတန်းကျောင်းများတွင် အစားအသောက်များ ဖြည့်စွက်ကျွေးမွေးခြင်းကြောင့် ကျောင်းသားကျောင်းသူများ၏ အာဟာရအခြေအနေပြောင်းလဲမှုကို လေ့လာခြင်း သုတေသန ဆက်လက်လုပ် ဆောင်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက ပြောကြားသည်။
နယူးဒေလီ၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ၏ ဒုတိယမြောက် လကမ္ဘာခရီးစဉ် ချန်ဒရာယန်း-၂ (Chandrayaan-2) ၏ လပေါ်ဆင်းသက်ယာဉ် ဗီခရန် (Vikram) သည် လမျက်နှာပြင်မှအထက် ၂ ဒသမ ၁ ကီလိုမီတာအကွာတွင် မြေပြင်စခန်းနှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့ကြောင်း အိန္ဒိယနိုင်ငံ အာကာသသုတေသန အဖွဲ့...
မနီလာ၊ စက်တင်ဘာလ ၇ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ဆူလ်တန် ကူဒါရတ် ပြည်နယ်တွင် စက်တင်ဘာလ ၇ ရက်နံနက်ကလက် လုပ်ဗုံးတစ်လုံးပေါက်ကွဲခဲ့ရာ အနည်းဆုံးလူခုနှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ကပြောကြား ခဲ့သည်။
ရန်ကုန်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်နှင့် ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်း ယာဉ်၃စီးပေါ်မှ ကျပ်သိန်း ၃ထောင်ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။