Connect with us

Social, Education & Health

တရုတ်နိုင်ငံ အလယ်ပိုင်းတွင် ဆပ်ကပ်ပြပွဲမှ ကျားပေါက်စတစ်ကောင် ထွက်ပြေး

တရုတ်နိုင်ငံရှိ တိရစ္ဆာန်ရုံတစ်ခုမှ ကျားပေါက်စတစ်ကောင်အား တွေ့ရစဉ် (ဆင်ဟွာ)

ကျန့်ကျိုး၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန်ပြည်နယ်တွင် စက်တင်ဘာလ ၆ ရက်ကညက ဆပ်ကပ်ပြပွဲတစ်ခုအတွင်း ကျားပေါက်စတစ်ကောင် လှောင်အိမ်မှ လွတ်ကာ ထွက်ပြေးသွားကြောင်း ဒေသခံအာဏာပိုင်များ ပြောကြားချက်အရ သိရသည်။

ယွမ်ယန်းနယ်မြေ ရဲတပ်ဖွဲ့ ည ၉ း ၀၀ နာရီခန့်က ဆပ်ကပ်ပွဲမှ လွတ်သွားကာ အနီးဝန်းကျင် ထိုက်ဖိန်မြို့နယ်ရှိ ပြောင်းဖူးခင်းများအတွင်းသို့ ထွက်ပြေးသွားကြောင်း ဖုန်းခေါ်မှုတစ်ခုအား လက်ခံရရှိခဲ့သည်။

အခင်းဖြစ်ရာနေရာသို့ ရဲတပ်ဖွဲ့က ချက်ချင်းရောက်ရှိသွားပြီး ဒရုန်းများနှင့် အပူဓာတ်ရှိသော ပုံရိပ်ဖမ်းကိရိယာများဖြင့် ရှာဖွေမှု ချက်ချင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့နှင့် ဒေသခံများ ပူးပေါင်းကြိုးပမ်းခဲ့ကြပြီးနောက် အဆိုပါ ကျားပေါက်အား စက်တင်ဘာလ ၇ ရက် နံနက်ပိုင်းတွင် အောင်မြင်စွာ ဖမ်းမိခဲ့ကြောင်း၊ ကျားပေါက်လွတ်သွားခြင်းကြောင့် ပျက်စီမှုများ မရှိခဲ့ကြောင်း သိရသည်။ (Xinhua)