တီဟီရန် ၊ သြဂုတ် ၇ ရက်(ဆင်ဟွာ) အီရန်စစ်တပ်က ပြည်တွင်းလုပ် ပစ်မှတ်အား တိကျစွာ ထိမှန်အောင် ထိန်းချုပ်ပစ်ခတ်နိုင်သော အဆင့်မြင့် စမတ်ဗုံး နှစ်မျိုး နှင့် ဒုံးကျည်သစ် တစ်မျိုးကို သြဂုတ် ၆ ရက်တွင် ထုတ်ဖော်ပြသခဲ့ကြောင်း နိုင်ငံပိုင်ရုပ်မြင်သံကြားက ဖော်ပြခဲ့သည်။
မော်စကို ၊ သြဂုတ် ၇ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ၏ ခရီးဝေးပျံသန်းနိုင်သည့် ရေငုပ်သင်္ဘောဖျက်ဆီးရေး လေယာဉ် (Tu-142 anti-submarine aircraft) နှစ်စင်းသည် ပစိဖိတ်ရေတပ်အခြေစိုက်စခန်းမှနေ၍ ပစိဖိတ်သမုဒ္ဒရာပေါ် ဖြတ်ကျော်ပျံသန်းကာ ပင်လယ်ပြင်ကင်းလှည့်လည်ထောက်လှမ်းခြင်း တစ်ခုပြုလုပ်ခဲ့ကြောင်း ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက သြဂုတ် ၆ ရက်တွင်ပြောကြားခဲ့သည်။
ရန်ကုန် ၊ သြဂုတ် ၆ ရက်(ဆင်ဟွာ) မြန်မာအစိုးရအနေဖြင့် အချက်အလက် ရှာဖွေရေးမစ်ရှင်၏ နောက်ဆုံးထုတ် အစီရင်ခံစာနှင့် သုံးသပ်ချက်များကို ပြတ်ပြတ်သားသား ပယ်ချကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ယနေ့သတင်း ထုတ်ပြန်ခဲ့သည်။
ဘာစီလိုနာ၊ သြဂုတ် ၆ ရက် (ဆင်ဟွာ) အာဂျင်တီးနား ဘောလုံးကြယ်ပွင့် လီယွန်နယ်မက်ဆီ (Lionel Messi) သည် သြဂုတ်လ ၅ ရက်က ၎င်း၏ ပထမဆုံး လေ့ကျင့်ချိန်တွင် ညာဘက်ခြေသလုံး ဒဏ်ရာရရှိခဲ့သဖြင့် အနားယူရန်နှင့် မကြာမီကစားမည့် Series A တွင် နာပိုလီအသင်းနှင့် ယှဉ်ပြိုင်ရမည့်ပွဲအား...
တီဟီရန်၊ သြဂုတ် ၆ ရက်(ဆင်ဟွာ) အီရန် နျူကလီးယားသဘောတူညီချက်ကို ဆက်လက်ထိန်းသိမ်းရန်မှာ အီရန်၏ နေ့စဉ် ရေနံစိမ်း စည် ၂၈ သိန်း တင်ပို့နိုင်မှုပေါ်တွင် အခြေခံကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗက်ဇာရစ်ဖ် (Mohammad Javad Zarif)က သြဂုတ် ၅ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန် ၊ သြဂုတ် ၆ ရက်(ဆင်ဟွာ) မုန်တိုင်းငယ် အရှိန်ကြောင့် နေပြည်တော် အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် ၁၂ ခုတွင် နေရာ အနှံ့အပြား မိုးထစ်ချုန်း ရွာပြီး ဒေသအလိုက် နှင့် နေရာကွက်၍ မိုးကြီးခြင်း များနှင့်အတူ လေပြင်း တိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသ နှင့်...
နယူးဒေလီ၊ သြဂုတ် ၆ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတာပရာဒက်ရှ်ပြည်နယ် တာရီဂါဝဲခရိုင်ရှိ ချောက်တစ်ခုအတွင်း ကျောင်းကားတစ်စီး ပြုတ်ကျမှု သြဂုတ်လ ၆ ရက်တွင် ဖြစ်ပွားခဲ့ပြီး ကလေးငယ် အနည်းဆုံး ၉ ဦး သေဆုံးခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က ဆင်ဟွာသို့ တယ်လီဖုန်းမှတစ်ဆင့် ပြောကြားခဲ့သည်။
မော်စကို ၊ သြဂုတ် ၆ ရက်(ဆင်ဟွာ) ရုရှား နိုင်ငံ ဆိုက်ဘေးရီးယားနယ် ၊ Krasnoyarsk ဒေသ ၊ Achinsk မြို့အနီးရှိ တပ်ဖွဲ့၇၄၀၀၈ တွင် စစ်လက်နက် ပစ္စည်းများ ပေါက်ကွဲသည့် အသံများကို ကြားခဲ့ရကြောင်း ဒေသခံ အုပ်ချုပ်ရေး အဖွဲ့က သြဂုတ် ၅...
နေပြည်တော်၊ သြဂုတ် ၆ ရက်(ဆင်ဟွာ) ငလျင်ဘေးအန္တရာယ် ကျရောက်လာပါက ရင်ဆိုင် တုံ့ပြန်နိုင်ရေးနှင့် အမြဲ အဆင့်သင့် ဖြစ်နေစေ ရေးတို့မှာ အလွန်အရေးကြီးကြောင်း အမျိုးသား ဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူက အမျိုးသားအဆင့် ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး နှင့် တုံ့ ပြန်ရေး...
ကိုင်ရို၊ သြဂုတ် ၆ ရက်(ဆင်ဟွာ) အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် သြဂုတ် ၄ ရက် ညဉ့်နက်ပိုင်းက ယာဉ်သုံးစီးဆင့်တိုက်မှုမှတစ်ဆင့် ဖြစ်ပွားသည့် ပေါက်ကွဲမှုတွင် ယာဉ်တစ်စီးက ဖောက်ခွဲရေးပစ္စည်းများ တင်ဆောင်လာကြောင်း အီဂျစ် ပြည်ထဲရေးဝန်ကြီးဌာနက သြဂုတ် ၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။