Connect with us

Africa & Middle East

အီဂျစ်နိုင်ငံ ကိုင်ရု်မြို့၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ယာဉ်က ဖောက်ခွဲရေးပစ္စည်းများ တင်ဆောင်လာသည်ဟု ဆို

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့၌ ယာဉ်ပေါက်ကွဲမှု ဖြစ်ပွားရာ အချင်းဖြစ်နေရာအား တွေ့ရစဉ် (ဆင်ဟွာ)

ကိုင်ရို၊ သြဂုတ် ၆ ရက်(ဆင်ဟွာ)

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် သြဂုတ် ၄ ရက် ညဉ့်နက်ပိုင်းက ယာဉ်သုံးစီးဆင့်တိုက်မှုမှတစ်ဆင့် ဖြစ်ပွားသည့် ပေါက်ကွဲမှုတွင် ယာဉ်တစ်စီးက ဖောက်ခွဲရေးပစ္စည်းများ တင်ဆောင်လာကြောင်း အီဂျစ် ပြည်ထဲရေးဝန်ကြီးဌာနက သြဂုတ် ၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အီဂျစ်လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စစ်ဆေးချက်အရ အချင်းဖြစ်ပွားမှုတွင် ယာဉ်ကြောပြောင်းပြန်မောင်းနှင်လာသည့် မော်တော်ယာဉ်သည် အကြမ်းဖက်တိုက်ခိုက်မှုပြုလုပ်ရန် ဖောက်ခွဲရေးပစ္စည်းများ တင်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။ သို့သော်လည်း ၎င်းတို့၏ အကြမ်းဖက်ပစ်မှတ်မှာ အချင်းဖြစ်ပွားရာနေရာအနီးရှိ အမျိုးသား ကင်ဆာရောဂါ သုတေသနဌာန မဟုတ်ကြောင်း ၊ ယာဉ်မတော်မဆမှုဖြစ်ပွားရာမှ ကားပေါ်ရှိဖောက်ခွဲရေးပစ္စည်း ပေါက်ကွဲမှုဖြစ်ပွားရခြင်းဖြစ်ကြောင်း ကြေညာချက်အရ သိရသည်။ အဆိုပါဖောက်ခွဲရေးပစ္စည်းများ တင်ဆောင်လာသည့် ယာဉ်၏ ယာဉ်ကြောပြောင်းပြန်မောင်းနှင်ရသည့် အကြောင်းအရင်းနှင့် တိုက်ခိုက်မည့်မူလပစ်မှတ်ကို ဖော်ပြခြင်းမရှိသေးကြောင်း သိရသည်။

အချင်းဖြစ် မော်တော်ယာဉ်သည် Muslim Brotherhood လက်အောက်ခံအဖွဲ့ကဖြစ်ကြောင်း ၊ ၎င်းအဖွဲ့ကို အီဂျစ်အစိုးရက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

သြဂုတ် ၄ ရက်က ကိုင်ရိုမြို့ မြို့လယ်ခေါင်ရှိ အမျိုးသား ကင်ဆာရောဂါသုတေသနဌာနအနီးတွင် ယာဉ်ကြောပြောင်းပြန်မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးသည် ယာဉ်သုံးစီး ဆင့်တိုက်ခဲ့ရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ အချင်းဖြစ်ရပ်ကြောင့် လက်ရှိတွင် သေဆုံးသူ အနည်းဆုံး ၂၀ ခန့်ရှိပြီး လူ ၄၇ ဦးဒဏ်ရာရရှိခဲ့ရာ အချို့မှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.