Connect with us

Europe

ရုရှား စစ်တပ်ဖွဲ့၌ စစ်လက်နက်ပစ္စည်းများ ပေါက်ကွဲမှု ဖြစ်ပွားကြောင်း ဒေသခံ အာဏာပိုင်များ အတည်ပြု

ရုရှား နိုင်ငံ Achinsk မြို့ အနီးတွင် ဖြစ်ပွားသော ပေါက်ကွဲမှုအား တွေ့ ရစဉ်(ဓာတ်ပုံ - အင်တာနက်)

မော်စကို ၊ သြဂုတ် ၆ ရက်(ဆင်ဟွာ)

ရုရှား နိုင်ငံ ဆိုက်ဘေးရီးယားနယ် ၊ Krasnoyarsk ဒေသ ၊ Achinsk မြို့အနီးရှိ တပ်ဖွဲ့၇၄၀၀၈ တွင် စစ်လက်နက် ပစ္စည်းများ ပေါက်ကွဲသည့် အသံများကို ကြားခဲ့ရကြောင်း ဒေသခံ အုပ်ချုပ်ရေး အဖွဲ့က သြဂုတ် ၅ ရက်က ဝက်ဘ်ဆိုဒ် စာမျက်နှာတွင် ဖော်ပြခဲ့သည်။

Achinsk မြို့တော်ဝန် Ilay Akhmetov ဦးဆောင်မှုဖြင့် ဒေသခံ အရေးပေါ် ကူညီကယ်ဆယ်ရေး အဖွဲ့က ယင်းဖြစ်စဉ် ဖြစ်ပွားခဲ့သည့် နေရာသို့သွားရောက်ခဲ့ကြောင်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

မြို့တော် အုပ်ချုပ်ရေး အဖွဲ့က ဒဏ်ရာ ရရှိသူများကို ကုသမှု အခြေအနေ ၊ ဆေးရုံရှိ ကုတင်များ၏ အရေ အတွက် ၊ သယ်ယူပို့ဆောင်ရေး နှင့် သွေးရရှိနိုင်မှု အခြေအနေများကို အရေးပေါ် အစည်းအဝေး တစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့အတူ ဒေသခံများကို တည်ငြိမ် အေးချမ်းစွာ နေထိုင်ကြရန် နှင့် ပေါက်ကွဲမှု ဖြစ်ပွားသည့် တပ်ဖွဲ့ဆီသို့ သွားရောက် ကြခြင်း မပြုကြရန် ပြောကြားခဲ့သည်။

ယင်းစစ်တပ်တွင် မီးလောင်မှု နှင့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံ အရေးပေါ် ကူညီကယ်ဆယ်ရေး အဖွဲ့က ပြောကြားခဲ့ကြောင်း RIA Novosti နှင့် TASS သတင်း အေဂျင်စီများက ထိုနေ့အစောပိုင်းတွင် ဖော်ပြခဲ့ကြသည်။

RIA Novosti သတင်း အေဂျင်စီက ယင်းပေါက်ကွဲမှုတွင် ကလေးငယ် တစ်ဦး နှင့် လူကြီး သုံးဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ သို့သော် ယခုချိန်ထိ ထိခိုက် ဒဏ်ရာ ရရှိသူများ နှင့် ပတ်သက်၍ တရားဝင် သတင်း ထုတ်ပြန်ထားခြင်း မရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.