Connect with us

Politics, Law & Military

မြန်မာအစိုးရက အချက်အလက် ရှာဖွေရေးမစ်ရှင်၏ နောက်ဆုံးထုတ် အစီရင်ခံစာ နှင့် သုံးသပ်ချက်များကို ပြတ်ပြတ် သားသား ပယ်ချကြောင်း ထုတ်ပြန်

နိုင်ငံခြားရေး ၀န်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက်အား တွေ့ ရစဉ် (ဓာတ်ပုံ - MOFA)

ရန်ကုန် ၊ သြဂုတ် ၆ ရက်(ဆင်ဟွာ)

မြန်မာအစိုးရအနေဖြင့် အချက်အလက် ရှာဖွေရေးမစ်ရှင်၏ နောက်ဆုံးထုတ် အစီရင်ခံစာနှင့် သုံးသပ်ချက်များကို ပြတ်ပြတ်သားသား ပယ်ချကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ယနေ့သတင်း ထုတ်ပြန်ခဲ့သည်။

လူ့အခွင့်အရေးကောင်စီအနေဖြင့် အချက်အလက်ရှာဖွေရေးမစ်ရှင် ဖွဲ့စည်းဆောင်ရွက်ခြင်းသည် ယင်း၏ လုပ်ပိုင်ခွင့် ကို ကျော်လွန်လုပ်ဆောင်ခြင်းဖြစ်ပြီး နိုင်ငံတကာဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ၊ အချက် အလက် ရှာဖွေရေးမစ်ရှင်ကိုသော်လည်းကောင်း၊ ယင်း၏အစီရင်ခံစာကိုသော်လည်းကောင်း မြန်မာနိုင်ငံက အသိအမှတ်ပြု လက်ခံမည် မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အချက်အလက် ရှာဖွေရေးမစ်ရှင်၏ အစီရင်ခံစာသည် မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများ၏ အကျိုးစီးပွားကို ထိခိုက် ပျက်ပြား စေရန် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်ခြင်းဖြစ်သည်ဟု ရှုမြင်သတ်မှတ်ကြောင်း ၊ ထိုကဲ့သို့သော ဆောင်ရွက်ချက် များသည် ရခိုင်ပြည်နယ်တွင် လက်ရှိတွေ့ကြုံရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ဖြေရှင်း နိုင်ရေး အတွက် တစ်စုံတစ်ရာ အထောက်အကူ ဖြစ်စေနိုင်မည် မဟုတ်ဟု ယုံကြည်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ရခိုင်ပြည်နယ်ရှိ စိန်ခေါ်မှုများကို တရားဥပဒေစိုးမိုးမှုမြှင့်တင်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်ရေးတို့ကို ဆောင်ရွက်ခြင်းဖြင့်သာ ဖြေရှင်းနိုင်လိမ့်မည်ဟု မြန်မာနိုင်ငံက ယုံကြည်ထားကြောင်း ၊ ရခိုင်ပြည်နယ်ရှိ လူ့အဖွဲ့အစည်းများအတွင်း သဟဇာတဖြစ်ရေးကို တည်ဆောက်ပေးခြင်း၊ ငြိမ်းချမ်း၊ တည်ငြိမ်၊ လုံခြုံစိတ်ချ၊ သာယာ ဝပြောသော ပတ်ဝန်းကျင်ကို ဖန်တီးပေးခြင်းတို့သည်သာ မိမိတို့၏ လတ်တလောဦးစားပေး ရည်မှန်းချက် ဖြစ်ကြောင်း ထည့်သွင်း ထုတ်ပြန်ခဲ့သည်။

လူ့အခွင့်အရေးကိစ္စအပါအဝင် နိုင်ငံတကာအရေးကိစ္စရပ်များအား ဖြေရှင်းရာတွင် ပူးပေါင်း ဆောင်ရွက်ရေးကို အခြေခံ၍ သာ ဆောင်ရွက်သင့်သည်ဟူသော ရပ်တည်ချက်ကို မြန်မာနိုင်ငံက ခိုင်မာစွာဆုပ်ကိုင်ထားကြောင်း ၊ ပြေလည်အောင် ဖြေရှင်း ဆောင်ရွက်ရန်လိုအပ်သော စိန်ခေါ်မှုများကို စီးပွားရေးပိတ်ဆို့အရေးယူမှုများဖြင့် ဖြေရှင်းနိုင်လိမ့်မည်ဟု မြန်မာ နိုင်ငံ အနေဖြင့် မယုံကြည်ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံအစိုးရအနေဖြင့် ရခိုင်ပြည်နယ်အရေးကိစ္စကို သီးခြားလွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) ဖွဲ့စည်းလျက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရေးအတွက် ဆောင်ရွက်လျက် ရှိကြောင်း ၊ မြန်မာ့ တပ်မတော် အနေ ဖြင့်လည်း ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည်ဆိုသော လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းကာ စစ်ဆေးလျက်ရှိကြောင်း ၊ မြန်မာနိုင်ငံသည် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရေးဆိုင်ရာ ကိုယ်ပိုင်ယန္တရားများ ဖွဲ့စည်းထားပြီးဖြစ်ကြောင်း ၊ ထိုသို့ ပြည်တွင်း၌ ဖွဲ့စည်း ဆောင်ရွက်ထားသည့် ယန္တရားများ ပြီးပြတ်ပြည့်စုံအောင် ဆောင်ရွက်စေခြင်းမပြုဘဲ အခြားယန္တရားများ ဖွဲ့စည်း ဆောင်ရွက်ခြင်းကို ဆန့်ကျင်ကြောင်း ထည့်သွင်း ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အရေးကောင်စီက အခြေအမြစ်မရှိသော စွပ်စွဲချက်များကို အခြေခံ၍ အချက် အလက် ရှာဖွေရေး မစ်ရှင် (Fact Finding Mission-FFM) စတင်ဖွဲ့စည်းစဉ်ကပင် ဆန့်ကျင်ကန့်ကွက်ခဲ့ကြောင်း ၊ အချက် အလက် ရှာဖွေရေး မစ်ရှင်၏ အစီရင်ခံစာကို အသိအမှတ်ပြုမည် မဟုတ်ကြောင်း မြန်မာနိုင်ငံ၏ရပ်တည်ချက်ကို ရှင်းလင်း ထင်ရှားစွာ ထုတ်ဖော်ပြသခဲ့ပြီး ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.