ဟနွိုင်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) လာအိုနိုင်ငံမှ ဗီယက်နမ်နိုင်ငံသို့ အေးခဲထားသော ကျားအသေကောင် ၇ ကောင်အား ကုန်ကူးမှုအတွက် ဗီယက်နမ်နိုင်ငံသား ၃ ဦးဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံမီဒီယာက ဇူလိုင်လ ၂၆ ရက်တွင် သတင်းဖော်ပြခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းဖြစ်ပေါ်နေသော အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က သတိပေးချက်ထုတ်ပြန်သည်။
ဝယ်လ်လင်တန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) ဝေလမင်းသားနှင့်ကြင်ယာတော်တို့ နိုဝင်ဘာလ တွင် နယူးဇီလန်နိုင်ငံသို့လာရောက်မည်ကို ကြိုဆိုကြောင်း နယူးဇီလန်နိုင်ငံဝန်ကြီးချုပ် ဂျာဆင်ဒါ အာဒန် (Jacinda Ardern) က ဇူလိုင် ၂၆ ရက်တွင်ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း (ဗဟို) က ရန်ကုန်မြို့ ၊ တာမွေ မြို့နယ်ရှိ လူမှုဝန်ထမ်း ဦးစီးဌာန ၊ နားမကြားသော ကလေးများကျောင်း (ရန်ကုန်) ရှိ ကျောင်းသား/သူ (၁၂၂) ဦး အား...
ရန်ကုန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် ကွန်ဟိန်းမြို့တွင် ဇူလိုင် ၂၅ ရက် နံနက်ပိုင်းတွင် ငွေကျပ် ၄,၁၇၅ သိန်းတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရသိရသည်။
တူးနစ်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) တူနီးရှားနိုင်ငံတွင် သမ္မတရွေးကောက်ပွဲ ပထမအကျော့အား စက်တင်ဘာလ ၁၅ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း ရွေးကောက်ပွဲဆိုင်ရာ သီးခြားလွတ်လပ်သော အဆင့်မြင့်အာဏာပိုင်အဖွဲ့ (ISIE) က ဇူလိုင်လ ၂၅ ရက်တွင် ကြေညာလိုက်သည်။
ဗယ်လက်တာ၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) ရွှေ့ပြောင်းသွားလာသူ ၇၆ ယောက်ပါဝင်သည့် အဖွဲ့တစ်ခုကို မော်လ်တာစစ်တပ်က ကယ်ဆယ်ပြီး၊ ဇူလိုင် ၂၅ ရက် နေ့လယ်တွင် ရေတပ်အခြေစိုက်စခန်း သို့ခေါ်ဆောင်ကာကမ်းတက်ခွင့်ပြုခဲ့ကြောင်းသိရသည်။
ဆန်တီယာဂို၊ဇူလိုင် ၂၆ ရက်(ဆင်ဟွာ) ချီလီနိုင်ငံမြို့တော် ဆန်တီယာဂို ၏အရှေ့မြောက်ဘက်ဟွေချူရာဘာ(Huechuraba) ပြည်နယ်ရှိ ရဲ တပ်ဖွဲ့စခန်းအမှတ် (၅၄) တွင် ဇူလိုင် ၂၅ ရက်ကပေါက်ကွဲမှုတစ်ရပ်ဖြစ်ပွားခဲ့ရာ အနည်းဆုံးရဲတပ်ဖွဲ့ ဝင်ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း ချီလီရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ အိန္ဒိယတပ်မတော်(ကြည်း၊ရေ၊လေ)ဦးစီးချုပ်များကော်မတီဥက္ကဋ္ဌနှင့် လေတပ်ဦးစီးချုပ် Air Chief Marshal Birender Singh Dhanoa၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ သွားရောက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုံးက ထုတ်ပြန်သော သတင်းအရ...
ရန်ကုန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံ၏ ဝန်ကြီးချုပ်အသစ် မစ္စတာ ဘောရစ်ဂျွန်ဆင် ထံသို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့ခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။