Connect with us

Asia

လာအိုနိုင်ငံမှ ဗီယက်နမ်နိုင်ငံသို့ ကျားအသေကောင်များအား ကုန်ကူးသူ ၃ ဦး ဖမ်းဆီးခံရ

- ဗီယက်နမ်နိုင်ငံ တောထဲရှိ ကျားတစ်ကောင်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟနွိုင်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

လာအိုနိုင်ငံမှ ဗီယက်နမ်နိုင်ငံသို့ အေးခဲထားသော ကျားအသေကောင် ၇ ကောင်အား ကုန်ကူးမှုအတွက် ဗီယက်နမ်နိုင်ငံသား ၃ ဦးဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံမီဒီယာက ဇူလိုင်လ ၂၆ ရက်တွင် သတင်းဖော်ပြခဲ့သည်။

ဗီယက်နမ်နိုင်ငံတွင် ကျားအရိုးများအား တိုင်းရင်းဆေးဝါးများအား အရိုးနှင့် အဆစ်အမြစ်နှင့် ဆက်စပ်သော ဖျားနာမှုများ ကုသရာတွင် မကြာခဏအသုံးပြုခဲ့ကြသည်။ ထို့ပြင် ကျားများအား ကျားအသား၊ အရေခွံနှင့် ခြေသည်းလက်သည်းများအတွက်လည်း ဝယ်ယူခဲ့ကြသည်။တောရိုင်းတိရစ္ဆာန်ထုတ်ကုန်များအား အသုံးပြုခြင်းအလေ့အထက တောရိုင်းတိရစ္ဆာန်မျိုးစိတ်များအား မျိုးသုဉ်းသွားစေရန် တွန်းအားပေးနေခြင်းဖြစ်ကြောင်း သဘာဝဗီဇ ထိန်းသိမ်းရေးနှင့် ပတ်ဝန်းကျင်ကာကွယ်ရေး အလေးထားလုပ်ဆောင်နေသော ဗီယက်နမ်နိုင်ငံ၏ ပထမဆုံး အစိုးရမဟုတ်သော အဖွဲ့အစည်း Deucation for Nature-Vietnam (ENV) ၏ သဘာဝဗီဇပညာရေး ဒုတိယဥက္ကဋ္ဌ ငုယင်သီဖွန်ဒန် (Nguyen Thi Phuong Dung) က ဆင်ဟွာသို့ပြောခဲ့သည်။

ဗီယက်နမ်နိုင်ငံရှိ နောက်ဆုံးဂျာဗားကြံ့အား ၂၀၁၀ ခုနှစ်က သေနတ်ပစ်ခံရပြီး ဦးချိုဖယ်ရှားခံရကာ သေဆုံးနေသည်ကို တွေ့ခဲ့ရကြောင်း၊ ထို့ကြောင့် အချိန်မနှောင်းမီ ကျားများအား ကာကွယ်ရန် အရေးပေါ် လုပ်ဆောင်မှုများ ဆောင်ရွက်သင့်ကြောင်း ၎င်းက ပြောခဲ့သည်။၂၀၁၆ ခုနှစ် ကမ္ဘာ့တောရိုင်းတိရစ္ဆာန်ရန်ပုံငွေမှ အစီရင်ခံစာအရ ဗီယက်နမ်နိုင်ငံ တောထဲတွင် ကျား ၅ ကောင်သာ ရှိတော့ကြောင်း၊ ၂၀၁၁ ခုနှစ်ကရှိခဲ့သည့် ကောင်ရေ ၃၀ မှလျော့နည်းသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)