ရန်ကုန်၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ) ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် ဒေါဖုကျေးရွာအုပ်စုနှင့် ငွေတောင်ကျေးရွာအုပ်စုတို့တွင် ဧပြီ ၁၇ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်က လေပြင်းတိုက်ခတ်ပြီး လူနေအိမ်များ၊ စာသင်ကျောင်းနှင့် စပါးကျီများ ပျက်စီးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။
ရန်ကုန် ၊ ဧပြီ ၁၈ ရက်(ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့အနီး အင်အားရစ်(ခ်)တာစကေး ၄.၂ အဆင့်ရှိ မြေငလျင် တစ်ခုသည် ယနေ့ဧပြီ ၁၈ ရက် နေ့လည်ပိုင်း အချိန်တွင် လှုပ်ခတ်သွားခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ၊ မြေငလျင် ဌာနခွဲမှ...
ဝါရှင်တန် ၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က အမေရိကန် နိုင်ငံ နှင့် မြောက်ကိုရီးယား နိုင်ငံ တို့ အနေဖြင့် အဆင့်မြင့် တိုက်ရိုက်ဆက်သွယ်မှုများ ကို စတင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ဧပြီလ ၁၇...
ဝါရှင်တန်၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ) အသက် ၉၂ နှစ်ရှိပြီဖြစ်သော အမေရိကန်နိုင်ငံ၏ သမ္မတဟောင်းကတော် ဘာဘရာဘွတ်ရှ် (Barbara Bush) သည် ၎င်းအား ဆေးကုသမှုအား လက်လျှော့ရန် ဆုံးဖြတ်ချက်ချခဲ့ပြီးနောက် ဧပြီလ ၁၇ ရက်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ ဧပြီ ၁၈ ရက်(ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၂၃ လုံး ပြိုကျ ပျက်စီးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ် ဦးစီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
တီဟီရန်၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ) ပါရှန်ပင်လယ်ကွေ့တွင် ဧပြီ ၁၇ ရက် ညနေပိုင်းက အီရန် ရဟတ်ယာဉ် ပျက်ကျခဲ့ရာ အနည်းဆုံး လူ ၂ဦးသေဆုံးကြောင်း နိုင်ငံပိုင် IRNA သတင်းဌာနက ဖော်ပြခဲ့သည်။
စင်ကာပူ၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ) စင်ကာပူနိုင်ငံ ပင်လယ်ရေကြောင်း နှင့် ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ (MPA) က ဧပြီ ၁၇ ရက်အစောပိုင်းတွင် လောင်စာဆီတင်သင်္ဘော တိုက်မိမှုဖြစ်ပွားခဲ့ကြောင်း ကြေညာခဲ့သည်။
နယူးဒေလီ၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အလယ်ပိုင်း Madhya Pradesh ပြည်နယ်တွင် မင်္ဂလာဆောင်ပွဲတစ်ခုမှ လူများကို သယ်ဆောင်လာသော မီနီထရပ်ကားတစ်စီးသည် တံတားတစ်စင်းပေါ်မှ ပြုတ်ကျခဲ့ရာ အနည်းဆုံး လူ ၂၁ဦးသေဆုံးပြီး အခြားလူ ၁၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဧပြီ ၁၈ ရက်တွင်ပြောကြားခဲ့သည်။
ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) နိုင်ငံရေးနှင့်စပ်လျဉ်းသည့် ပြစ်မှုများတွင် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ သတ်မှတ်ခဲ့သည့်စည်းကမ်းချက်များကို နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ယနေ့ ပယ်ဖျက်လိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်သော အမိန့်စာအရ သိရသည်။
ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၁၇/၅)နှင့် (၂၁၇/၆)အကြားတွင် ယနေ့ နံနက်ပိုင်းတွင် ယာဉ်တိုက်မှုကြောင့်၂ဦးသေဆုံးပြီး ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။