Connect with us

Asia

ပါကစ္စတန်နိုင်ငံတွင် ရေယာဉ်နစ်မြုပ်မှု ဖြစ်ပွား၊ လူ ၈ ဦးသေဆုံးပြီး လူ အများအပြား ပျောက်ဆုံးနေ

ရေယာဉ်တိမ်းမှောက်မှုတစ်ခုအတွင်း ကူညီကယ်ဆယ်မှုများ ပြုလုပ်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ)

ခရီးသည် ၅၀ ခန့် တင်ဆောင်လာသောရေယာဉ် တစ်စီးသည် ပါကစ္စတန်နိုင်ငံ မြောက်ပိုင်း Khyber Pakhtunkhwaပြည်နယ်ရှိ Tarbelaရေကန်တွင် ဇူလိုင် ၃ ရက်က တိမ်းမှောက်နစ်မြုပ်မှုဖြစ်ပွားခဲ့ရာ လူ ၈ ဦးသေဆုံးပြီး လူအများအပြား ပျောက်ဆုံး လျက်ရှိကြောင်း ပါကစ္စတန် မီဒီယာများ၏ ဇူလိုင် ၄ ရက် သတင်းများအရ သိရသည်။

ရေယာဉ်မောင်းနှင်နေစဉ် မိုးသက်မုန်တိုင်းကျရောက်မှုကြောင့် တိမ်းမှောက်နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံ အရာရှိတစ်ဦး၏ ပြောကြားချက်အား ကိုးကား၍ သတင်းများက ဖော်ပြထားသည်။ ကူညီကယ်ဆယ်ရေးသမားများက ယာဉ်လမ်းကြော ပိတ်ဆို့မှုများကြောင့် အချင်းဖြစ်နေရာကို လျှင်မြန်စွာမရောက်ရှိနိုင်ဘဲ ကယ်ဆယ်မှုလုပ်ငန်းများ နှောင့်နှေးခဲ့ရကြောင်း သိရသည်။ ပါကစ္စတန်စစ်ဘက်ဆိုင်ရာက အထူးတပ်ဖွဲ့များ စေလွှတ်၍ ကယ်ဆယ်မှုလုပ်ငန်းများပါဝင် ဆောင်ရွက်လျက်ရှိရာ ရေငုပ်သမားများက ပျောက်ဆုံးသူများအား ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။

ရေယာဉ်ပေါ်တွင် ခရီးသည်များအပြင် အခြားမွေးမြူရေးတိရစ္ဆာန်များ၊ဝန်စည်စလွယ်များ တင်ဆောင် ထားရာ ရေယာဉ်ဝန်တင်ဆောင်နိုင်မှုပမာဏထက် ကျော်လွန်နေခြင်းက အချင်းဖြစ်ပွားသည့် အဓိက အကြောင်းရင်းဖြစ်နိုင်ချေရှိကြောင်း ဒေသခံရဲတပ်ဖွဲ့က ဆိုသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117