Connect with us

Eastern Europe

ရုရှားရေငုပ်သင်္ဘောမတော်တဆမှုမှာ ဘတ္ထရီခန်း မီးလောင်ကျွမ်းမှုကြောင့်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးပြော

ရုရှားနိုင်ငံ ရေတပ်အခြေစိုက်စခန်း၌ ဆိုက်ကပ်ထားသော မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည့် ရေငုပ်သင်္ဘောအားတွေ့ ရစဉ်(ဆင်ဟွာ)

မော်စကို၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ)

ဇူလိုင် ၁ ရက်က လူအသေအပျောက်ဖြစ်ပွားခဲ့ရသော ရုရှားနိုင်ငံ၏ ပင်လယ်ရေနက်ပိုင်း သုတေသန ရေငုပ်သင်္ဘော မီးလောင်ကျွမ်းရခြင်းအကြောင်းရင်းမှာ ၎င်းရေငုပ်သင်္ဘော၏ ဘတ္ထရီ အစိတ်အပိုင်းတစ်ခု မီးလောင်ကျွမ်းခဲ့ခြင်းကြောင့် ဖြစ်ပြီး သင်္ဘောပေါ်တွင် တပ်ဆင်ထားသည့် နျူကလီးယားဓာတ်အားပေးစနစ်အပေါ် သက်ရောက်မှု မရှိခဲ့ကြောင်း ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Sergei Shoigu က ယနေ့( ဇူလိုင် ၄ ရက်) တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

အဆိုပါ ရုရှားရေငုပ်သင်္ဘောမီးလောင်မှုအတွင်း သင်္ဘောသား ၁၄ ဦးသေဆုံးသွားကြောင်း ရုရှားနိုင်ငံကာကွယ်ရေး ဝန်ကြီးဌာနက ဇူလိုင် ၂ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.