ဂျိုဟန်နက်စဘာ့တ်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ) တောင်အာဖရိကနိုင်ငံ ရဲတပ်ဖွဲ့က နိုင်ငံခြားသားများအား ကုန်တင်ကားမောင်းသူများအဖြစ် အလုပ်ခန့်မှုကို ကန့်ကွက်သောအားဖြင့် လမ်းများကို ပိတ်၍ ဆန္ဒပြသူ ၆၂ဦးကို ဇွန် ၂၁ ရက်က ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ) FMI လေကြောင်းလိုင်းမှ လေယာဉ် ၁ စင်းသည် မောင်းနှင်စဉ် လေဖိအားကြောင့် လေယာဉ်၏ ယာဘက် လေကာမှန် အက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ) တည်ဆဲကုမ္ပဏီများနှင့် အဖွဲ့အစည်းများ ပြန်လည်မှတ်ပုံတင်နိုင်ရန် အသိပေးကြေညာချက် အား ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ထုတ်ပြန်သည်။
ဆိုးလ်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံ နှင့် မြောက်ကိုရီးယားနိုင်ငံ သည် ကိုရီးယား နှစ်နိုင်ငံ နယ်စပ်တစ်လျှောက် ခွဲခြားထားခံရသည့် ကိုရီးယားမိသားစုဝင်များ ပြန်လည်တွေ့ဆုံခြင်းအပါအဝင် လူသားချင်းစာနာထောက်ထားမှု ကိစ္စရပ်များအား ဆွေးနွေးရန် ဇွန် ၂၂ ရက်တွင် ဆွေးနွေးညှိနှိုင်းမှုစကားဝိုင်းအား စတင်ပြုလုပ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ၏ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်မှူးကြီး လှဦးကို ခန့်အပ်လိုက်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
တိုကျို ၊ ဇွန် ၂၂ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံ ကာဂိုရှီးမားစီရင်စု(Kagoshima) နှင့် မီယာဆာကီစီရင်စု(Miyazaki) ကြားတည်ရှိနေသည့် ရှင်မိုမီးတောင်(Mt.Shinmoe) သည် ယနေ့(ဇွန် ၂၂ ရက်) ဒေသစံတော်ချိန် နံနက် ၉ နာရီ ဝ၉ မိနစ်တွင် ပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့ကြောင်း ဂျပန်နိုင်ငံမိုးလေဝသအေဂျင်စီ(JMA) ၏ ထုတ်ပြန်ချက်အရ...
၂၁.၆.၂၀၁၈. ပထမပွဲ- ပွဲပြီးရလဒ် အုပ်စု C ဒိန်းမတ် ၁ – ၁ သြစတြေးလျ (၇’) (၃၈’ ပယ်နယ်တီ)
ရန်ကုန်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်တွင် ဇွန် ၈ ရက်မှ ၁၄ ရက်အထိ မိုးသည်း ထန်စွာရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများကြောင့် ပြည်နယ်အတွင်းရှိ ကျောင်းပေါင်း ၃၉၅ ကျောင်းကို ခေတ္တပိတ်ထားခဲ့ရာ ဇွန် ၁၈ ရက်တွင် ကျောင်းများ အားလုံးကို ပြန်လည်ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ) ပင်ရင်းမှ နုတ်ယူပေးသွင်းသည့် အခွန် Withholding Tax (ဝင်ငွေခွန်အား ကြိုတင်ကောက်ခံခြင်း) ကို ပြည်တွင်း ပေးချေငွေများ အတွက် ကောက်ခံမည် မဟုတ်ကြောင်း စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်လိုက်သည်။ ၎င်းသည် ၂၀၁၈...
ရန်ကုန်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် နှင့် လှိုင်သာယာမြို့နယ် တို့တွင် ငွေကျပ် သိန်း ၁,၃၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။