ရန်ကုန်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့တွင် ယနေ့ နံနက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းရေမြင့်တက်ကာ အမှတ်(၁)ရပ်ကွက်ရှိ မြို့အဝင်တံတားချဉ်းကပ်လမ်း ချောင်း ရေတိုက်စားမှု ဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။
ထရီပိုလီ ၊ ဇွန် ၁၉ ရက်(ဆင်ဟွာ) လစ်ဗျားရေတပ် ကမ်းစပ်လုံခြုံရေးကင်းလှည့်အဖွဲ့သည် ဇွန် ၁၈ ရက်က လစ်ဗျားနိုင်ငံ အနောက်ပင်လယ်ပြင်တွင် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ရုပ်လောင်း ၅ ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး ၁၉၁ ဦးအား ကယ်ဆယ်ခဲ့ကြောင်း လစ်ဗျားရေတပ်က ယင်းနေ့တွင် ပြောကြားခဲ့သည်။
မော်စကို ၊ ဇွန် ၁၉ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ၌ ကျင်းပနေသည့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေသည့် ဆော်ဒီအာရေးဗီးယားလက်ရွေးစင်ဘောလုံးအသင်းသားများအား တင်ဆောင်လာသောလေယာဉ်သည် ဇွန်လ ၁၈ ရက်က Rostov-on- Don နိုင်ငံတကာလေဆိပ်သို့မဆင်းသက်မီ ပျံသန်းမှုပြုလုပ်နေစဉ်အတွင်း မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဆစ်ဒနီ၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) သြစတြေးလျနိုင်ငံ အနောက်ပိုင်း Perth တိရစ္ဆာန်ရုံရှိ အသက် ၆၂ နှစ်အရွယ် ကမ္ဘာ့အသက်အကြီးဆုံး လူဝံကြီး Puan သည် ဇွန်လ ၁၈ ရက်က သေဆုံးသွားခဲ့ကြောင်း သိရသည်။
၁၈.၆.၂၀၁၈. ဒုတိယပွဲ- ပွဲပြီးရလဒ် အုပ်စု G ဘယ်လ်ဂျီယံ ၃ – ၀ ပနားမား (၄၇’,၆၉’,၇၅’)
၁၈.၆.၂၀၁၈. ပထမပွဲ- ပွဲပြီးရလဒ် အုပ်စု F ဆွီဒင် ၁-၀ တောင်ကိုရီးယား (၆၅’ ပင်နယ်တီ)
ရန်ကုန်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်ရှိ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှုအား ပြုပြင်ဆောင်ရွက်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဝါရှင်တန်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကာကွယ်ရေးဌာနက တောင်ကိုရီးယားနိုင်ငံနှင့် သြဂုတ်လအတွင်း စစ်ရေးပူူးတွဲလေ့ကျင့်ရန် စီစဉ်ထားမှုများအားလုံးကို ဆိုင်းငံ့လိုက်ကြောင်း ဇွန်လ ၁၈ ရက်က ကြေညာလိုက်သည်။
ရန်ကုန်၊ ဇွန် ၁၉ ရက် (ဆင်ဟွာ) တနသာၤရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ် အတွင်း မိုးရွာသွန်းမှုကြောင့် ဘုတ်ပြင်း-ကော့သောင်း ပြည်ထောင်စုလမ်းမကြီး ကီလိုမီတာ(၃၂၇.ဝ- ၃၂၇.၅)ကြား ချဉ်းကပ်လမ်း တစ်ဖက် ၁၅ ပေခန့်ပြိုကျပျက်စီးခဲ့၍ ယာဉ်ကြီး/ငယ်များ သွားလာ၍ မရကြောင်းနှင့် အောင်ဇင်မာချောင်းနဘေးရှိ နေအိမ်တဲ ၆၀ လုံး ရေလွှမ်းမိုးခဲ့သဖြင့် လူဦးရေ...
ဂျာကာတာ ၊ ဇွန် ၁၉ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ North Sumatra ပြည်နယ် Danau Toba ကန် တွင် ဇွန် ၁၈ရက်က လှေမှောက်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁ ဦး သေဆုံးပြီး လူ ၄၀ ပျောက်ဆုံးနေကြောင်း သိရှိရသည်။