Connect with us

Asia

ခေတ်သစ်ပိုးလမ်းကြီး၏ ကုန်သွယ်ရေးဆုံမှတ်အဖြစ် မလေးရှားနိုင်ငံက လုပ်ဆောင်သွားလိုကြောင်း မလေးရှား ဝန်ကြီးချုပ် ဆို

၂၀၁၈ ခုနှစ် သြဂုတ်လ ၂၀ ရက်က ပေကျင်းမြို့ DiaoYuTai နိုင်ငံတော် ဧည့်ဂေဟာတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်နှင့် မလေးရှားနိုင်ငံ ၀န်ကြီးချုပ် မဟာသီယာ မိုဟာမက် (Mahathir Mohamad)တို့ တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပူထရာဂျာရာ ၊ ဧပြီ ၂၁ ရက်(ဆင်ဟွာ)

မလေးရှားနိုင်ငံ ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက် (Mahathir Mohamad)သည် ဧပြီ လကုန်ပိုင်း တွင် တရုတ်နိုင်ငံသို့လာရောက်လည်ပတ်မည်ဖြစ်ပြီး ပေကျင်းမြို့၌ကျင်းပသော ဒုတိယအကြိမ်မြောက် ခေတ်သစ်ပိုးလမ်းမကြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ထိပ်သီးဖိုရမ်သို့ ပါဝင် တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံသို့ မလာရောက်မီ မီဒီယာများ၏ တွေ့ဆုံမေးမြန်းမှုကို လက်ခံ ဖြေကြားရာ ၎င်းက ခေတ်သစ်ပိုးလမ်းမကြီး စီမံကိန်းသည် အရှေ့တောင်အာရှ နှင့် တရုတ်နိုင်ငံ အကြား ကုန်သွယ်ရေးကူးသန်းသွားလာမှုကို တွန်းအားဖြစ်စေ မည်ဟု ယုံကြည် ကြောင်း ၊ မလေးရှား နိုင်ငံအနေဖြင့် စီမံကိန်းကြီး၏ ဆုံချက်အဖြစ် ဆောင်ရွက်သွား လိုကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသို့လာရောက်မည့် ယခုခရီးစဉ်သည် ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက် (Mahathir Mohamad)၏ ပြီးခဲ့သောနှစ် မေလ ဝန်ကြီးချုပ်ရာထူးထမ်းဆောင်သည့် အချိန်မှစတင်ရေတွက်ရလျှင် ဒုတိယ အကြိမ်မြောက် ခရီးစဉ် ဖြစ်သည်။ “ကျွန်တော်တို့အကြားမှာ အမြဲတမ်းနီးကပ်တဲ့ ဆက်ဆံရေး ရှိနေပါ တယ်။ ဒါပေမဲ့လည်း အပြန်အလှန်နားလည်မှုတွေကို တစ်ဆင့်တိုးနက်နဲလာစေဖို့ လိုအပ်နေဆဲပါ။” ဟု ၎င်းက ဆိုသည်။

မလေးရှားအစိုးရအနေဖြင့် ခေတ်သစ်ပိုးလမ်းမကြီးစီမံကိန်းကို အားပေးထောက်ခံကြောင်း ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက် (Mahathir Mohamad)က အကြိမ်ပေါင်းများစွာ ထပ်လောင်း ပြောကြားခဲ့ ရာ အင်တာဗျူးကို လက်ခံဖြေကြားရာတွင်လည်း ခေတ်သစ်ပိုးလမ်းကြီး သည် ဒေသတွင်းနိုင်ငံများနှင့် တရုတ်နိုင်ငံအကြား အပြန်အလှန်ဆက်သွယ်မှုကို တိုးမြှင့်ပေးနိုင်မည်ဟုယုံကြည်ကြောင်း ပြောကြား ခဲ့သည်။ တစ်ချိန်တည်းမှာပင် ၎င်းက ပင်လယ်ရေကြောင်းပိုးလမ်းမကြီး စီမံကိန်းသည် မလေးရှားနိုင်ငံ အတွက် အလွန်တရာအရေးကြီးသည်ဟု ဆိုသည်။

မလက္ကာရေလက်ကြားသည် အရှေ့အရပ်နှင့်အနောက်အရပ်အကြား အရေးကြီးသည့် ရေကြောင်း သယ်ယူပို့ဆောင်ရေးလမ်းကြောင်း ဖြစ်ရာ မလေးရှားနိုင်ငံသည် ပထဝီအနေအထားအရ အလယ်တွင် တည်ရှိသောကြောင့် ကုန်စည်ပစ္စည်းသယ်ယူပို့ဆောင်ရေး၏ အကူးအပြောင်းနေရာတွင် သမိုင်း ကာလ ကြာရှည်စွာတည်ရှိခဲ့ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် မလေးရှားကို အာဆီယံနိုင်ငံများ ၏ ကုန်သွယ်ရေးဆုံမှတ်အဖြစ် ရွေးချယ်စေလိုကြောင်း ပြောကြားခဲ့သည်။

ယခုနှစ်သည် မလေးရှား-တရုတ် သံတမန်ဆက်ဆံရေးထူထောင်သည့် ၄၅ နှစ်မြောက်ဖြစ်သည်။ သံတမန်ဆက်ဆံရေးထူထောင်သည့် ၄၅ နှစ်ကြာကာလတွင် နှစ်နိုင်ငံဆက်ဆံရေးသည် လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လျက်ရှိကြောင်း ၊ မလေးရှားသည် တရုတ်နိုင်ငံနှင့်ဆက်ဆံရေးတွင်သော်လည်းကောင်း တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုတွင်သော်လည်းကောင်း အကျိုးများစွာ ဖြစ်ထွန်းခဲ့ကြောင်း ၎င်းက ဆိုသည်။

ယခုနှစ်တွင် အသက် ၉၃ နှစ်ရှိပြီဖြစ်သည့် ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက် (Mahathir Mohamad)သည် ၁၉၈၁ ခုနှစ်မှ ၂၀၀၃ ခုနှစ် အထိ မလေးရှားဝန်ကြီးချုပ်ရာထူးတာဝန်ကို ထမ်းဆောင်သည့် ကာလအတွင်း တရုတ်နိုင်ငံသို့ အကြိမ်ပေါင်းများစွာသွားရောက်လည်ပတ်ခဲ့ရာ တရုတ်နိုင်ငံ လျှင်မြန်စွာဖွံ့ဖြိုးတိုးတက်လာပုံကို မျက်မြင်ကိုယ်တွေ့ကြုံတွေ့ရသူလည်း ဖြစ်သည်။ “တရုတ်နိုင်ငံက ဈေးကွက်တံခါးဖွင့်ပေးမယ်လို့ ဆုံးဖြတ်လိုက်တာနဲ့ မလေးရှားက အကျိုးအမြတ်ကို ခံစားရတဲ့နိုင်ငံတစ်နိုင်ငံ အမြန်ဆုံးဖြစ်လာမှာပါ။ ” ဟု ၎င်းက ဆိုသည်။

မလေးရှားဝန်ကြီးချုပ်၏ ပြီးခဲ့သောနှစ်က တရုတ်နိုင်ငံ ခရီးစဉ်တွင်လည်း တရုတ်ကုမ္ပဏီလုပ်ငန်း အမြောက်အမြားကို သွားရောက် ကြည့်ရှုလေ့လာခဲ့ရာ တရုတ်နိုင်ငံသည် သိပ္ပံနည်းပညာ၊ ဒစ်ဂျစ်တယ် စီးပွားရေးစသည့်တို့တွင် အံ့ဖွယ်တိုးတက်နေသည်ကို တွေ့ရကြောင်း ၊ကဏ္ဍအမြောက်အမြား၌လည်း ကမ္ဘာတွင် ရှေ့ဆောင်ဖြစ်နေသည်ကို တွေ့ခဲ့ကြောင်း၊ “တရုတ်နိုင်ငံသည် စံနမူနာကောင်းတစ်ခုပါ။ ကျွန်တော်တို့ ကဏ္ဍအတော်များများမှာ တရုတ်နိုင်ငံဆီက သင်ယူလေ့လာလို့ရပါတယ်”ဟု ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက် (Mahathir Mohamad)က ဆိုသည်။

နိုင်ငံတကာနှင့်ဒေသရေးရာကိစ္စရပ်များတွင်လည်း တရုတ်နိုင်ငံသည် အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်ကြောင်း ၎င်းကဆိုသည်။ “ဒါကလည်း အလွန်ကောင်းတဲ့ကိစ္စတစ်ခုပါ။ ဖွံ့ဖြိုးဆဲနိုင်ငံများ အပါအဝင် ကမ္ဘာ့ဖွံ့ဖြိုးရေးအတွက် အကျိုးများစွာဖော်ဆောင်ပေးနိုင်တယ်။”ဟု မလေးရှား ဝန်ကြီးချုပ် မဟာသီယာ မိုဟာမက် (Mahathir Mohamad)က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.